ကျောင်းဝင်းထဲထိဝင်နေသော ဖယ်ရီကားများ၏ နောက်တွင်စောင့်ရင်း
မမလတ်က အပြင်ဖက်ရှိကျောင်းသားများကို ပြုံးရင်းကြည့်နေသည်။
နောက်ခန်းတွင်ထိုင်နေသော
မမလေးသည်လည်း မနက်ခင်းနေ
ရောင်နွေးနွေးအောက်တွင်သွားလာ
နေကြသော အဖြူ ၊ နက်ပြာအသွယ်
သွယ်ကို ကြည့်ရင်း သူပါမြူးတူးနေဟန်ရှိသည်။ ကျောင်းမရောက်တာကြာ
၍ သူတို့ခေတ် နဲ့ မတူပြောင်းလဲတိုး
တက်လာသော ပတ်ဝန်းကျင်ကိုကြည့်
ရင်းလည်း သဘောကျနေ၏။
"မောင်လေးတွေ သန့်ချက်ကွာ...ငါ ကျောင်းတောင်ပြန်တက်ချင်လာ
ပြီ"
မမလေး၏ အပြောကို မမလတ်ကပါ
"ဟုတ်ပါရဲ့...ငါတို့အိမ်ကဟာလေးကို
ချောလှပြီထင်တာ။ အခုတော့လည်း
သူလိုငါလိုလေးပါပဲ" ဟု သူ့နဘေး
တွင် ထိုင်လိုက်လာသော နေသစ်ကို
ငဲ့ကြည့်ကာ စနောက်သည်။
မနေ့က နေသစ်ဓာတ်ပုံပြန့်သွားသည့်ကိစ္စနှင့်ပတ်သတ်၍ ဌာနမှူး နှင့် ဘောလုံးအသင်းတာဝန်ခံ ဆရာက
အုပ်ထိန်းသူကိုခေါ်တွေ့ခြင်းဖြစ်သည်။
ဖေကြီးနှင့် မေကြီးကိုယ်စား မမလတ်
နှင့်မမလေး က လိုက်လာရသည်။
သို့သော် သူတို့နှစ်ယောက်လုံးကကျောင်းက ခေါ်တွေ့ခံရသည့်ကိစ္စနှင့်
ပတ်သတ်ပြီး နေသစ်ကို အပြစ်တစ်
ခွန်းမဆိုခဲ့။ မမလတ်ကိုယ်တိုင် ကားမောင်းလိုက်ပို့လျက် မမလေးကပါကျောင်းမရောက်တာကြာ၍ လိုက်လည်ချင်သည်ဟူသောအကြောင်းပြချက်ဖြင့် အဖော်လိုက်လာပေးသည်။ အခု ကျောင်းရှေ့ရောက်သည့်တိုင် ရိုးရိုးသာမန်ခရီးသွားဟန်လွှဲရောက်လာကြဟန်ဖြင့်ပြောဆိုပေးနေကြတော့ နေသစ်အားနာရသည်။
နေသစ်တို့ မောင်နှမလေး
ယောက်လုံး ငယ်ငယ်တည်းက အခုချိန်
ထိ ကျောင်းကမိဘခေါ်တွေ့ခံရတယ်ဆိုတာမရှိခဲ့။ နှစ်ပတ်လည် ဆုပေးပွဲတွေမှ
သာ ကျောင်းက ဆရာ ၊ ဆရာမတွေက
မေကြီး နှင့် ဖေကြီးကို တွေ့ဖူးကြသည်
ချည်းသာ...
အခု နေသစ်အလှည့်ရောက်မှ...
"မမလတ် နဲ့ မမလေးကို ကျွန်တော် တောင်းပန်ပါတယ်"
နေသစ် အားနာလွန်းကြီးစွာဖြင့် တောင်းပန်စကားဆိုတော့ မမလတ်က
