အပိုင်း ၂၀

44.1K 4.5K 585
                                        

လူစုံပြီဆိုသည်နှင့် ထွက်ပေါ်တတ်လာ
သည့်ဂစ်တာလက်ကွက်စမ်းသံ၊
စိတ်ကူးပေါက်ရာအတိုင်းထွက်လာ
တတ်သည့် ဝေဠု၏ အော်ဂင်သံ နှင့်
ကိုထွေး ခြေထောက်လှုပ်တဲ့စီးချက်
အလိုက် ထွက်ပေါ်လာတတ်တဲ့ ဒရမ်ဘိ
သံတွေသည် အခန်းလေးထဲမှ ထွက်ခွါ
နှုတ်ဆက်တော့မည့်အလား ငြိမ်
သက်နေသည်။ ကိုထွေး၏ ဒရမ်တစ်စုံ
လုံးကို ပိတ်ဖြူအုပ်ထားသကဲ့သို့ ဝေဠု
၏ အော်ဂင်ကိုလည်း အရင်လိုအပြင်ထုတ်မထားဘဲ ဗူးဖြင့် ပြန်ထည့်သိမ်းထား၏။နေသစ်နှင့် ခန့် တီးနေကျ ဂစ်တာနှစ်လုံးကိုလည်းအိတ်ထဲထည့်ကာ အခန်းထောင့်တွင်ထောင်ထားသည်။ တူရိယာပစ္စည်းတွေ အခုလိုထုပ်ပိုးသိမ်းဆည်းထားသည်ဆိုတာကပစ္စည်းပိုင်ရှင်များ၏ ရပ်နားထားခြင်းကိုသရုပ်ဖော်ခြင်းဖြစ်သည်။ တကယ်ဆို တဒင်္ဂ ရပ်နားခြင်းသာဖြစ်ချင်ခဲ့ပါသော်လည်း...

ဤ အခန်းတွင် ခန့်ကလွဲ၍ တီးဝိုင်း
အဖွဲ့သားများ ဆုံပြီဆိုတည်းက နေသစ်ပြောလိုက်သော စကား​သည်အသံတိတ်ရပ်ဝန်းတစ်ခုကိုဖြစ်စေသည်။

တစ်ဦးတည်းသော မိန်းကလေးအဖွဲ့ဝင်ဖြစ်သော အစ်မသစ်သစ်သည် တိတ်
ဆိတ်ခြင်း၏ ဖိစီးမှုကို မခံနိုင်လွန်းတော့သည်ထင်။ အင့်ခနဲ ရှိုက်သံတစ်
ချက်ထွက်လာသည်။

"အခုလိုတွေဖြစ်ရတာ အစ်မအမှား
တွေကြောင့်ပါ။ နေသစ် နဲ့ ခန့်ကို ကို
အသုံးချလိုက်သလိုဖြစ်တာကြောင့်...
တကယ်ဆို အစ်မတို့ စိတ်ပျော်ဖို့တစ်
ခုတည်းအတွက် နဲ့ သူများအိမ်ကသား
တွေကို အခုလိုတွေ မလုပ်သင့်ဘူးကွာ
အစ်မ မှားပါတယ် နေသစ်ရယ်... "

အမြဲတမ်းလိုလို မာ​ကျော​ေကျာအမူ
အရာနှင့် အစဥ်သဖြင့်တက်ကြွနေတတ်သော အစ်မသစ်သစ်သည် ငိုရှိုက်ရင်းမှ
တောင်းပန်လာသည်တွင် နေသစ်မနေနိုင်တော့။
မျက်နှာချင်းဆိုင်တွင်ထိုင်နေရာမှ ထကာအစ်မသစ်သစ်၏ ပခုံးတစ်ဖက်ကို
ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးရ၏။
ကိုယ်အားဖြင့်သာ မက နှုတ်အားဖြင့်ပါ

"အစ်မက လုပ်ရိုးလုပ်စဥ်အတိုင်း
လုပ်ခဲ့တာပါ။ ဒါကလည်း ကျွန်တော့်
အနေအထိုင်ကြောင့်လည်းပါ ပါတယ်" ဟု ပြောပေးဖြစ်၏။

မြေ့Место, где живут истории. Откройте их для себя