"အဲ့သောက်ကောင်မတွေ ငါ သွားလုပ်
မယ်။ မတားနဲ့တော့"အရုဏ်တစ်ယောက် လှေကားခွင်တွင်
ထိုင်နေရာမှ ဒေါသတကြီး ထရပ်သည်။
လက်ကောက်ဝတ်ကို အမြန်ဆွဲဖမ်းကာ
တားလိုက်ရသည်။ မနက်ခင်းအတန်း
ပြီးပြီးချင်း ဖုန်းဖွင့်လိုက်သည်တွင် ပြန့်
နေပြီဖြစ်သော သတင်းကြောင့် မိအရုဏ်တစ်ယောက်ပေါက်ကွဲနေခြင်း
ဖြစ်၏။ ကာယကံရှင်နေသစ်
ဘက်မှ နေ၍ ခံပြင်းဒေါသထွက်နေသော မိအရုဏ်ကို ယောကျာ်းလေး
သုံးယောက် အတန်းထဲမှ မနည်းခေါ်
ထုတ်ကာ လူရှင်းသော အေဆောင်ဖက်
ခြမ်းကို ခေါ်လာရခြင်းဖြစ်သည်။"ဘာလုပ်တာလဲ နေသစ်။ ငါ့ကို လွှတ်
စမ်း""စိတ်လျှော့ အရုဏ် ။ နင် အခု သူတို့
အတန်းရှေ့ သွားချဲရင် ပိုဆိုးကုန်မှာ
ပေါ့""နင့် ကို ဒီလိုတွေ လုပ်နေတာလေနေ
သစ်ရာ...ဟမ်။ ဖယ် ။ ငါ ပါးသွားရိုက်
ရမှ ကျေနပ်နိုင်မယ်"ဖြူဖြူသွယ်သွယ်ကောင်မလေးမှာဘယ်အချိန်တည်းက အားတွေရှိနေလဲ
နေသစ်မသိ။ လက်ကိုအတင်းဆွဲကာ
မနည်း ပြန်ထိုင်ခိုင်းသည့်တိုင် ရုန်းကန်
နေဆဲ...အမြဲပြုံးရွှင်နေသော ဖြူဖြူဖွေးဖွေးမျက်နှာပြောင်မှာ
ဒေါသသွေးရောင်အပြည့်လွှမ်းကာ
နီရဲတွက်နေသည်။ ဂုတ်ပေါ်ဝဲနေသော
သရီးစတပ်ဆံပင်များသည် ချွေးစေး
တို့ဖြင့် ကပ်နေ၏။ နေသစ် လက်မှ
ရုန်းထွက်နိုင်အောင် ကြိုးစားနေသော
အခါတွင်တော့ ဟိန်းထက်နဲ့ မိုးလွင်ပါ
မကြည့်နေနိုင်တော့။"အရင်ဆုံး ထိုင်ပါ အရုဏ်ရာ။ နင်သွား
ဆဲလို့မှ ပို ပြဿနာကြီးလာမှာဟ""နေသစ် ဘယ်လိုရှင်းချင်လဲ အရင်မေး
ပါဦး"ငြိမ်အေးသော မိုးလွင်တစ်ချက်ထအော်
လိုက်မှ အရုဏ်တစ်ချက်ငြိမ်ကျသွား
သည်။ ထို့နောက် အင့်ခနဲ ငိုသံတစ်ချက်
ထွက်လာကာ နဘေးနားထိုင်နေသော
နေသစ်ပခုံးကိုဖက်ကာ ငိုသည်။ နေသစ် ကျောကိုလည်းထုရိုက်နေသေး၏မိုးလွင် နှင့် ဟိန်းထက် တို့ကတော့ နေ
သစ်ကို "မင်း ဘာလုပ်ချင်လဲ" ဟူသည့်
ပုံစံဖြင့်ကြည့်ကြပြီး နေသစ်လိုအပ်ရင်
သူတို့ အသင့်ရှိနေကြောင်းကိုပါ မျက်
လုံးအကြည့်များဖြင့် နားလည်စေကြ
သည်။