အပိုင်း ၆

45.9K 4.6K 375
                                        

K.will be : Hello Mr.Cosmic

Mr.Cosmic : မင်္ဂလာပါ ခင်ဗျ ။ မတွေ့
ရတာ တောင် ကြာနေပြီနော်။

K.will be : ဟုတ်ကဲ့...Mr.Cosmic

Mr.Cosmic : ကဲပြောပါဦး Mr.K...
ကျွန်တော် ဘာများ ကူညီပေးနိုင်မလဲ။

စာရိုက်သင်္ကေတအစက်လေးသုံးစက်
လွန့်လူးနေသည်ကိုထိုင်ကြည့်ရင်း နေ
သစ် ဒူးတွေ ပေါင်တွေတောင် နှန့်နေမိ
သည်။ ပထမ Coaching session
ပယ်ဖျက်ပြီးနောက် ဒုတိယအကြိမ်ချိန်း
ဆိုမှုအဖြစ် နှစ်ရက်ကျော်ည ၉နာရီကို ရွေးလိုက်ကြခြင်းဖြစ်သည်။

တီးဝိုင်းတွင်လေ့ကျင့်ပြီး အိမ်ပြန်
ရောက်ခါမှ မကြာသေး၊  နေသစ်နဲ့
ခန့် အနေဖြင့် မဟုတ်ဘဲ အခုလိုအနေ
အထားဖြင့် ပြန်တွေ့နေကြရ၏။
နေသစ်တို့ အတိုင်ပင်ခံမှု သည် အွန်လိုင်းမှပင်ဖြစ်သော်လည်း အခမဲ့မဟုတ်။ တိုင်ပင်ဆွေးနွေးမှုအမျိုးအစားတိုင်း၏  အချိန်ကန့်သတ်ချက်
အလိုက် သတ်မှတ်ချက်တွေထားရှိ
သည်။ မမလတ်တို့ ပြင်ပရုံးတွင်လူ
ကိုယ်တိုင်လာရောက်ဆွေးနွေးသည်
ထက် ကုန်ကျစရိတ်သက်သာသော်
လည်း အတိုင်းအတာတစ်ခုထိတော့သတ်မှတ်ချက်ရှိ၏။ ဒါမှလည်း
နေသစ် တို့ဖက် မှ အလုပ်အပေါ်လေး
လေးနက်နက်ရှိမည်ဖြစ်သလို လာရောက် အတိုင်ပင်ခံသူဖက်ကလည်း
နေသစ်တို့အပေါ် လေးစားမှုရှိမည်ဖြစ်
သည်။

ထို့ကြောင့် ဒါသည် နေသစ်၏ ဒုတိယ
ဦးစားပေး အသက်မွေးဝမ်းကြောင်း
တစ်ခုအနေဖြင့် နေသစ် ပညာရှင်ဆန်
ရမည်။ ထိုကြောင့် ဒီအခြေအနေတွင်
3BE IT က နေသစ်ထွန်း ဆိုတဲ့ အသက်
၂၀ အရွယ်ကျောင်းသားလေးမဟုတ်
ဘဲ Coaching Training တွေယူထား
ရသည့် Coach တစ်ယောက်အဖြစ်
စိတ်သွင်းထားရမည်။ လွယ်တော့
မလွယ်ပေမဲ့ ပိုက်ဆံရသည့်အလုပ်
မို့ နေသစ် ပညာရှင်ဆန်စွာ အလုပ်ကို
ရော အလုပ်အပ်သူကိုပါလေးစားရမည်

ရေးလိုက်ဖျက်လိုက် လုပ်နေပုံပါပဲ။ နေ
သစ် စောင့်နေသည်မှာ တော်တော်ကြာ
ပေမဲ့ အခုထိ စာမတတ်လာသေး။

Mr.Cosmic :  အလျင်မလိုလည်းဖြစ်ပါတယ် Mr. K

Cosmic ဖက်မှ စာထွက်ထွက်သွားပြီးပြီးချင်း K ဘက်မှစာအရှည်တစ်စောင်ဝင်လာခဲ့သည်။

မြေ့Where stories live. Discover now