ကျေးဇူးတင်လွှာရေးဖို့ အမြဲတမ်းအားယူရတယ်ပ ။ သုံးရက် ၊ တကယ့်
ကို သုံးရက်အတွင်းစဥ်းစားထားတဲ့
ဇာတ်လမ်းကို အခုလောက်ထိသဘော
ကျပေးလိမ့်မယ်ကို မထင်တာ။ အများ
ကြီး အံ့သြဝမ်းသာရသလို အားနာ
မှုလည်းဖြစ်ရပါတယ်။ကိုယ့်ကျောင်းအကြောင်းလေးရေးချင်
တာကြာပါပြီ။ ဟိုနည်းနည်း ဒီနည်းနည်းရေးနေရင်းမှ အခုလို အရှည်
ရေးဖြစ်သွားတော့လည်း ဝုန်းဝုန်းဒိုင်း
ဒိုင်းပါပဲ။ စကားလုံးအသုံးအနှုန်းတွေ
အတွက်လည်း စိုးရိမ်ခဲ့တယ်။နောက်တစ်ခု အလေးအနက်ထားတောင်းပန်စကားဆိုချင်တာက...
ဇာတ်သိမ်းကိစ္စ။ ဇာတ်လမ်းတစ်ဝက်
လောက်မှာ စာအုပ်လေးအဖြစ်သိမ်း
ထားချင်မိတဲ့ စိတ်ဖြစ်လာတယ်။ ရေး
ရင် စာအုပ်ထုတ်မယ်ဆိုပြီး ရည်ရွယ်တာမျိုး မရှိသလောက်ပါ။ ဒီတစ်ခုမှာ
ကိုယ့်ကျောင်းအကြောင်းမို့ဆိုပြီး
စိတ်ကူးမိတယ်ရယ်... ဝါသနာမပါဘဲ
တက်ခဲ့ပေမဲ့ ဘွဲ့ရတဲ့ထိ ကျားကုပ်ကျား
ခဲနေခဲ့ရတဲ့နေရာဆိုတော့ စိတ်ထဲသံယောဇဥ်တော့ တော်တော်ဖြစ်တယ်။
အဲ့ဒါကြောင့်လည်း ဖြစ်မိတာနေမှာပါ။အဲ့နေ့ကလည်း ဇာတ်သိမ်းရေးနေရင်း
နဲ့ ပိုရင်ခုန်ရအောင်လုပ်ရင်ကောင်းမ
လားဆိုပြီး စဥ်းစားမိတာနဲ့ ရပ်ချပစ်
မိတာ။ ရင်ခုန်စရာလို့တွေးတဲ့အရာက
စာဖတ်သူတွေဘက်ကပြန်တွေးကြည့်
တော့ ကိုယ်ရင်မခုန်တော့ဘူး။ ရင်တုန်
လာတယ်။ ဟုတ်တယ် ကိုယ့်ကိုယ်ကိုယ်မကြိုက်တော့ဘူး။ ထုတ်ဖြစ်တာ
မထုတ်ဖြစ်တာထား အဆုံးကတော့သေ
ချာရှိရမှာပေါ့... ဘာတွေလုပ်နေတာလဲ
ဆိုတဲ့ စိတ်နဲ့ လူက မကြည်တော့ဘူး။
ဒါပေမဲ့ အဲ့အချိန်မှာနောက်ကျသွားပြီ
A/N ကြီးပါကောက်တင်လိုက်တာလေနေပါဦး...မနက်ကျမှသေချာပြန်ပြော
ပြီး အတန်းကပြန်လာရင် အဆုံးထိ
ရေးမယ်ဆိုပြီး ပြန်ရောက်တာနဲ့ရေးပြီး
တင်လိုက်နိုင်မှ သူက ပြန်ကြည်လင်
လာသလိုခံစားရပါတယ်။ ကိုယ့်လို
ဖြစ်ခဲ့မယ်ဆိုရင် ဖြစ်ခဲ့တဲ့ စာဖတ်သူ
တစ်ယောက်ချင်းစီကို အားနာမိပါတယ်။ ကိုယ်နှစ်ဖက်မျှမတွေးမိလိုက်ဘူးဖြစ်သွားတယ်။ နောက်တစ်ခါဆိုတာမျိုးမရှိတော့အောင် ဒီတစ်ခါတည်းနဲ့ နောင်ကြဥ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်မနှစ်သက်တဲ့စိတ်က အဆင်မပြေစေဘူးရယ်....
![](https://img.wattpad.com/cover/222182681-288-k101247.jpg)