Bonus Chapter I

48.1K 4.6K 570
                                    

"ဦးလေးရေ တော်လောက်ပြီ"

ချစ်ကြည်နူးတစ်တီတူးလို့မှ မဆုံးခင်
နေသစ်ကို တုန်ခါသွားစေသည့် အသံ
ကြီးတစ်ခုက မနီးမဝေးမှ ထွက်ပေါ်လာ
သည်။

မမဒေစီ ၊ ဟုတ်ပါသည်။ ဘကြီး၏မျိုးဆက်ရယ်မို့ အရပ်အမောင်းမြင့်မြင့်စွံ့စွံ့ နှင့်အဆစ်အပေါက် ကြံ့ကြံ့ခိုင်ခိုင်ရှိလှသောခန္ဓာကိုယ်ပိုင်ရှင်သည် ကျယ်လှစွာသောခြေလှမ်းများဖြင့် နေသစ်တို့ရှိရာကိုလှမ်းလာသည်။
စကပ်ဖားဖား ၊ တီရှပ်ကြီးကြီးတို့ကိုဝတ်ဆင်ထားသောကြောင့် ဝ သည်
ထင်ရသော်လည်း ဒေစီကပြည့်တယ်ဆိုရုံ။
နေသစ်တို့အမျိုးဆိုတော့ အထူးတလည်ကြွားစရာမလို။ ချောတယ်ဆိုတဲ့ အထဲ အလိုလိုပါနေပြီ။
လူစုလူဝေးတို့သည်လည်းအသီးသီးဖယ်ခွါသွား၍သာ တော်တော့သည်။ နေသစ်နှင့် အရပ်မတိမ်းမယိမ်းရှိလျက် အသက်အားဖြင့် သူ့ထက် ၁နှစ်ခန့်ကြီးပါသော နေသစ်၏ တူမချော ဒေစီသည် အနားရောက်လာ၏။

"ဦးလေးတို့ကတော့နော်"

အနားရောက်ရောက်ချင်း နေသစ်ကိုခနဲ့
တဲ့တဲ့ဆိုပြီး တစ်ဆက်တည်းမှာပင် ခန့်ညီကိုပါ စွေစောင်းကြည့်သည်။

"ရောက်နေတာကြာပြီလား မမဒေစီ။ ငါ
လည်း အခုပဲ ဖုန်းဆက်တော့မလို့..."

"ဦးလေးတို့ ရှိုးကို အစ၊ လယ် ဆုံး
ကြည့်လိုက်ရပါတယ်"

"ဦးလေး"

ဒေစီ့၏ ဦးလေးဟူသော အခေါ်အဝေါ်ကိုခန့်ညီသည် သံယောင်လိုက်လျက် နေသစ်ကို အမေးသဘောပါသော အကြည့်ဖြင့်ကြည့်လာသည်။ တူမသည် ဦးလေးထက် အသက်ကြီးနေသည့် ကိစ္စကရှက်စရာမဟုတ်ဟု မေကြီး နှင့်ဖေကြီးက ပြောကြသော်လည်း ဒေစီထိုသို့ ခေါ်တိုင်း သူကရှက်သည်။ အခုလည်း ခန့်ညီရှေ့မို့ ပို၍ရှက်ကာ လည်ပင်းကုတ်ဘာကုတ်လုပ်တော့ နေသစ်အစား ဒေစီက ရှင်းပြရင်း
သူ့ကိုယ်သူမိတ်ဆက်သည်။

"ငါ့နာမည် ဒေစီ ၊ မြန်မာနာမည်အပြည့်အစုံက ဒေစီသစ်ဝေ တဲ့...နေသစ် တူမ"

နောက်ဆုံး နေသစ်တူမ ဆိုသည့်စကားကိုစပ်ဖြီးဖြီးနှင့် လုပ်ပြောတော့ အပြားလိုကပြန်ကို ပြည့်မလာတော့သည့်ပုံနှင့်နေသစ်ကို တစ်လှည့် ၊ ဒေစီ့ကိုတစ်
လှည့်ကြည့်လေတော့သည်။ သူလည်း စိတ်မရှည်တော့။

မြေ့Donde viven las historias. Descúbrelo ahora