အသိစိတ်ထဲ ပထမဆုံးဝင်ရောက်လာ
သည်က ခေါင်းမှနာကျင်ကိုက်ခဲမှု။
မခံမရပ်နိုင်စွာဖြစ်နေအောင်နာကျင်နေ
သော နားထင် နှစ်ဖက်ကို လက်မဖြင့်
နာနာဖိရင်း နေသစ်ထထိုင်ဖို့ကြိုးစား
ရသည်။ ဘယ်အချိန်တွေတောင်ရှိနေ
ပြီလဲ ။ ဟိုတယ် check out လုပ်မည့်
အချိန်ကျော်ရင် နောက်တစ်ရက်စာ
ထပ်ပေးရလိမ့်မည်။ ဒါမျိုး မိမိလက်
မခံနိုင်ပါ။နေသစ်မျက်လုံးတွေဖွင့်ကြည့်တော့
မှန်ချပ်ကာ ပြတင်းပေါက်ကျယ်တွေ
ကိုမြင်ရသည်။ မျက်နှာချင်းဆိုင်တွင်
တော့ မြို့လယ်ခေါင်တွင် ထင်ရှား
သော အဆောက်အအုံ။"What the f**k...တကယ့်နေရာကြီး
မှာ တစ်ည အိပ်လိုက်ရတာလား"
ဘောလုံးအသင်းထဲမှာ ဒီလောက်သုံးနိုင်တဲ့ကောင်ဘယ်ကောင်ရှိလဲလို့စဥ်း
စားလိုက်တော့ အားလုံးက ဖွတ်မင်းနောင်တော်တွေ။ ဂိမ်းဖိုးနဲ့ မွဲနေကြတာသာများသည်။ ချက်ချင်းစဥ်းစားမရ။ တကယ်ကန်တာ ၁၁ယောက်အပြင် အရံလူက ၄ယောက်လောက်ရှိတာဆိုတော့...ဘယ်ကောင်ပဲဖြစ်ဖြစ် နေသစ် ကို တကယ်ကြွေတယ်ဆိုရင်တော့ နောက်တစ်ခါဒီလိုမျိုး အညှာကိုင်မခံရအောင်တော့ အလိမ္မာနည်းနှင့် သိမ်းသွင်းဆုံးမ ညှိနှိုင်းရမည်ဟု နှလုံးသွင်းရမည်။
အခုက ပန်းအိုးကွဲပြတဲ့ ပြဇာတ်တွေထဲကလို မျက်ရည်လဲရွဲလုပ်ပြလို့လဲမဖြစ်။ အရည်ညှစ်လို့ရသည့်ချစ်စရာလေးလို့လည်းထင်မှာမျိုးတော့ နေသစ်နည်း
နည်းလေးတောင် မခံနိုင်ပါ။ နောက်တစ်နည်းအားဖြင့် သောက်ရမ်း တည်ငြိမ်ပြီး ဒါလေးများကွာဆိုပြီးနေရင်လည်း သကောင့်သားက နေသစ်လေးကို စားဘဲကွာ စားလို့ရပါတယ်လည်း အပေါစားဆန်တယ်ထင်လိမ့်မည်ကိုလည်း မကြိုက်ပါ။ ချစ်တာတွေ နှစ်တာဘာညာတွေ ခဏနား ဘယ်ကောင်ပဲဖြစ်ဖြစ်နေသစ်တကယ့်စိတ်ရင်းသဘောထားကို လေးစားစေချင်သည်။နေသစ် အလုံးစုံကို နှလုံးသွင်းပြီးနောက် အတည်ငြိမ်ဆုံးစိတ်ဖြင့်နောက်
ကျောကိုလှည့်ကြည့်မိသည်။ ရှင်းလင်း
နေသော ခုတင်ကိုသာ တွေ့ရ၏။
ဘာလဲ စားပြီးနားမလည်လုပ်သွားတာ
လား။ "ဟိုတယ်ခ ငါရှင်းပေးလိုက်ရလို့
ကတော့ ကမ္ဘာမကျေဘူး" ဟု နေသစ်
စိတ်ထဲ ကြုံးဝါးလိုက်သည်။
ဝုန်းခနဲထထိုင်တော့ မှ စောင်နဲ့အတူ လုံးထွေးကျလာသောရှပ်အကျင်္ီ တစ်ထည်။
ညက လွှမ်းပေးလိုက်သည့် အကျီင်္ က
အနက်ရောင်အောက်ခံပေါ်တွင် ပန်း
ရောင်ထောင့်ဖြတ်မျဥ်းမှိန်မှိန်တွေ။