အပိုင်း ၁၅

37.1K 4.1K 396
                                    

နေသစ်တို့အားလုံး meetingထိုင်ပြီး
သည့်နောက် အစ်မသစ်သစ်၏ အကြံဥာဏ်ကိုလက်ခံလိုက်ကြရသည်။ ရည်ရွယ်ချက်ကလည်းကောင်းသည်ကိုး။ တီးဝိုင်းက ရသည့် ရန်ပုံငွေဖြင့်လက်ရွေးစင် ဘောလုံးအသင်းကို
ထောက်ပံ့မည်ဟူသော အဆိုပြုချက်
က ငြင်းဆိုဖွယ်မရှိ၏ ။ လက်ရွေးစင်
အသင်းတွင် Aura မှ နေသစ်ပါသလို
ခန့်၏ ညီလေးပါ ပါနေသဖြင့်လုံးဝကို ထောက်ပံ့ပေးသင့်နေပြီဟု အစ်မသစ်
သစ်က စိတ်အားတက်ကြွစွာ အဆို
တင်သွင်းသည်။
သူတင် ထောက်ပံ့မည်မဟုတ်။ Auraကနေသာ စလုပ်ပါက တခြားထောက်ပံ့ချင်သူအများအပြားလည်းရှိနေသေးသည်ဟုဆိုသည်။ထိုသူများကလည်း တခြားမဟုတ်။
အများစုက နေသစ်နှင့် ခန့်ကို ပေးစားကြသူများဖြစ်သည်။ အလှူရှင်လောင်း
များ၏ တောင်းဆိုမှုက Aura
ဘက်မှနေ၍ တရားဝင်Pageတွင်
သီချင်းပုံမှန်တင်ပေးရမည်ဟုဆိုကြသည်။
ထိုသဘောတူညီချက်အရတကယ့်
ဗီဒီယိုမတင်ခင် ၂ရက်လောက်တော့
အချိန်ပေးပြီးလေ့ကျင့်ကြရသည်။
အစ်မသစ်သစ်ကိုယ်တိုင်က အဲ့ ပေးစားသူများ၏ခေါင်သူကြီးများဖြစ်နေမလားဟု နေသစ်စဥ်းစားမိတယ်။
ဝေဠုလေးလို "အနော့် ကို အသုံးမချ
ကြပါနဲ့" လို့လည်း သွားချွဲပြီးမတောင်း
ပန်ရဲ။

"နင်ကိုက မလုံတာ" ဟုဆိုလာခဲ့ရင် နေသစ်ပဲအနေရခက်လိမ့်မည်။

ထို့ကြောင့် လာလေ့ကျင့်ဆို ကျင့်လိုက်
တာက ပိုကောင်းသည်။တီးဝိုင်း လေ့
ကျင့်ချိန်သည် မနက်ပိုင်း အတန်းမစ
ခင် ၇နာရီမှ ၈နာရီခွဲကြားဖြစ်သွား
ခဲ့သည်။ ထို့အတွက် အိမ်မှစောစော
ထွက်ရခြင်းတစ်ခုကလွဲ၍ တခြား
ဝန်ပိုမရှိ။

နေသစ်ရောက်တော့ အစ်မသစ်သစ်
နှင့် တကွ ဝေဠုပင်ရောက်နေသည်။
ထူးထူးဆန်းဆန်း ကိုထွေးနှင့်အတူ
ဗေ့ဂစ်တာတစ်လုံးကိုပေါင်ပေါ်တင်
လျက် စမ်းတီးနေသော တစ်ယောက်ကို
ပါသတိထားမိလိုက်သည်။

"ရောက်နေကြတာကြာပြီလား။ ကျွန်တော်နောက်ကျနေတာလား"

"ရတယ် ခန့်ကို တောင်မရောက်သေး
တာ" ဟု အစ်မသစ်သစ်က စပြောလာ
၏။

ကိုထွေးက နေသစ်ရှိရာသို့ ထလာတော့
ခုံပေါ်တွင် ထိုင်နေသူကပါနေသစ်ကို
မော့ကြည့်ပြီး တစ်ဆက်တည်းမှာပင်
ပြုံးပြသည်။

မြေ့Where stories live. Discover now