Extra I

46.4K 4.9K 774
                                    

မီးခြစ်ဆံလို အခန်းလေးထဲ ကျင်လည်နေထိုင်နေသည်ကို အသားကျစပြုနေပြီးမှ ငကိုဗစ်ကြောင့် အမိမြေပြန်ခဲ့ရသည်။
စာသင်နှစ်နောက်ကျမည်ဖြစ်၍ စိုးရိမ်သော်လည်း ပြည်တော်ပြန်ခရီးအတွက်
ပျော်စရာလေးက သက်သက်ရှိသည်။
ပြန်လာရတော့မယ်လို့ စပြောတဲ့နေ့ကဆိ​ြမျက်လုံးလေးတွေ တောက်ခနဲဖြစ်သွားတာများ...နှုတ်ခမ်းလေး အိုပုံစံဝိုင်းစက်သွားတာများ အနားမှာရှိရင် ခုန်အုပ်ပြီးကို ဖက်နမ်းမိမှာ။
နေသစ်ပြန်လာချိန်က မြန်မာမှာဘာအသီအစဥ်မှ မလုပ်ရသေးသည့်အချိန်မို့ အိမ်ကိုသာတန်းပြန်ခွင့်ရသည်။ ဟိုဟိုဒီဒီတေါ့မထွက်နဲ့ဟုသာ သံရုံးကမှာလိုက်သည်။

သိပ်ချစ်ဖို့ကောင်းသည့် နေသစ်ကောင်လေးကို လေဆိပ်မှာမြင်ရမယ်ထင်ခဲ့၏။
မဟုတ်။ မိသားစုက လွဲပြီး အပြင်သူမပါတဲ့ ကြိုဆိုမှုက ရင်ကိုအောင့်တောင့်
တောင့်။  အကဲပိုသည်ပဲဆိုဆို လေဆိပ်ထဲကနေတောင် မထွက်ရသေး။
"ညီရော..." လို့ မမလတ်ကို ကပ်မေးရသည်

"ဒီအခြေအနေကြီးမှာ သားရယ်...နောက်နေ့တွေမှ တွေ့ပေါ့"တဲ့

ဟန်တောင်မဆောင်နိုင်စွာ မှုန်တေတေစူပုပ်ပုပ်ဖြစ်သွားသည်ထင်။ မမလေးကအနောက်မှနေ၍ နရင်းအုပ်သည်။ မနာပါဘူး။ ရင်ထဲက အောင့်နေတာကို ဘယ်ပြင်ပ နာကျင်မှုမှမကျော်နိုင်ဘူး။

အိမ်ပြန်ရောက်ပြီးဖုန်းဆက်တော့လည်း
"အင်း...အဲ" နဲ့ မရေမရာမသေမချာတွေ ဖြေသည်။

စိတ်ရှိလက်ရှိ ကားဆွဲထုတ်ပြီး သူ့အိမ်ရှေ့သွားအော်ခေါ်ထုတ်ချင်မိတော့သည်။
မိသားစုမျက်နှာကြောင့် မနည်းမျိုချနေ
ရ၏။

"ဘာဖြစ်နေတာလဲ။ နင့်ကျောင်းပြန်မ
ဖွင့်မချင်း နင်ဒီမှါနေရမှာကို...မိသားစုနဲ့အရင်နေမယ် စိတ်မကူးဘူး။ တော်သေးတယ်။ဟိုကမိန်းကလေးမဟုတ်လို့...မဟုတ်ရင် နင်လုပ်ပုံကို အမြင်ကတ်တာနဲ့ ငါတို့က ယောင်းမကို မနာလိုဘူးပြောခံရဦးမယ်။"

မမလေးပါ။ ပစ်ပစ်နှစ်နှစ်ကို ဝေဖန်သည်။
နေသစ်လည်း ကိုယ့်ကိုယ်ကိုယ်မသိဘဲ
နေမလား။ သူတို့မှမချစ်ဖူးဘဲ။ မခွဲဖူး
ဘဲ...တစ်ဖက်က တော်ရုံတန်ရုံဆိုလည်း
မပြောဘူး။ ခန့်ဇေယျာညီက ဒီတစ်နှစ်
အတွင်း ဘယ်လောက်ချစ်ဖို့ကောင်းလာလဲ ဆိုတာ နေသစ်ကလွဲပြီးဘယ်သူပိုသိဦးမလဲ။ Effectမပါတဲ့ video callခေါ်တာတောင် မျက်နှာလေးက ကြည်လင်ရှင်းသန့်နေတာ။ ဘယ်လိုပြုံးတတ်လာလဲဆိုတာ။ ဘယ်လောက်နေတတ်ထိုင်တတ်လာလဲဆိုတာ...အချင်းရောအသွေးပါ ပြည့်စုံနေတဲ့ ကောင်လေးမျိုးရထားတာ ဘယ်သူ
က သဲသဲမလှုပ်ဘဲနေနိုင်မည်နည်း။

မြေ့Opowieści tętniące życiem. Odkryj je teraz