နှင်းတွေစွေတာလား။ မြူတွေဝေနေတာလား မသဲကွဲသော မနက်ခင်းတစ်
ခု။ သူ့ခန္ဓာကိုယ်က ပေါ့ပါးမှေးမှိန်နေ
ခဲ့တယ်။
လွင့်လာသော မြူခိုးငွေ့တွေကြား ငိုသံ
သဲ့သဲ့ကြားနေရတယ်။
"ဂန္ဓမာငြိမ်း"
သူ့ညီမလေး။ ဘာလို့ငိုနေတာလဲ။
အုတ်ဂူနှစ်လုံးကို အုတ်ခဲတွေစီနေကြသည်။ လောလောလတ်လတ် နာရေး
ပြီးစီးပုံရသော အုတ်ဂူတွေက ယှဥ်လျက်...
သူ့ကိုယ်က ပေါ့ပါးနေသလိုဖြစ်နေပေမဲ့
ထိုကဲ့သို့လည်း အပြည့်အဝမဟုတ်။ သူက သူလား။ ဒါမှမဟုတ်တခြားတစ်
ယောက်လား မသဲကွဲ။
သူဟာ ဖြူလျော့ပြီး အားနည်းနေတယ်။ မြူတွေနဲ့တော့ အတူတူလွင့်သွားမတတ် သူဟာ ဖျော့တော့နေခဲ့တယ်။
ကားတစ်စီးပေါ်က အမျိုးသမီးကြီးတစ်
ယောက် အလောသုံးဆယ်ဆင်းလာ
တယ်။ ဝတ်ကောင်းစားလှများနှင့် မိန်း
မချောကို တွေ့တော့
"မေမေ..." လို့ အလိုလိုခေါ်မိတယ်။
အမျိုးသမီးက သူ့ကိုကြည့်မနေခဲ့ဘူး။
လူအုပ်ကြားထဲက ဦးလေးကြီးတစ်
ယောက်ကို လမ်းမေးနေလေရဲ့။
"မေမေ..."
သူထပ်ခေါ်တယ်။ အမေက သူ့ကိုမ
ကြည့်ပါဘူး။
ကားပေါ်ပြန်တက်သွားပြီ။ သူဆက်
လိုက်သွားရမလား။ ငိုနေတဲ့ ဂန္ဓမာငြိမ်း
လေးကို သူချော့ရမလား။
မသိတော့ဘူး။ မေမေ့ကို သူလွမ်းတယ်။ သူ မေမေတို့ကားနောက်ကိုပြေး
လိုက်မိတယ်။
သူ့ကိုယ်က လေလိုပဲ ပျော့ပါးနေတယ်။
ချက်ချင်းဆိုသလို သူဟာ တဲအိမ်မှောင်
မှောင်ကြီးတစ်လုံးရှေ့ရောက်သွားတယ်။ သူမဝင်ရဲဘူး။ အိမ်ရှေ့မှာပဲ
တုံ့ဆိုင်းရပ်နေမိတယ်။ တော်တော်လေး
ကြာတော့...
နန်းဝတ်နန်းစားလိုအဝတ်အစားနဲ့ မင်း
သားတစ်ပါးက တဲအိမ်ကြီးထဲဝင်သွား
တယ်။
"ကိုကို..."
ထိုသူကို သူသိနေသလိုခေါ်မိတယ်။ ယောကျာ်းတစ်ယောက်ကိုတွေ့မှ သူ
ခမ်းလျန်ကို သတိရတယ်။
