အလှူပွဲကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ စင်ပေါ်က ဆင်းတော့
လက်မှတ်ထိုးပွဲအသေးစားလေးလောက် လုပ်လိုက်ရသေးသည်။
လက်မှတ်ထိုးခိုင်းတာကိုတော့ နေသစ်ကရှက်သည်။ တီးဝိုင်းထဲဝင်တယ်ဆို
တာကလည်း နာမည်ကြီးချင်
လို့မဟုတ်။ ငယ်ငယ်တည်းက မမလေး
အဖော်ရအောင် အတူတူလိုက်တက်ခဲ့
ရသော ဂီတကျောင်းမှ သင်တန်းကြေး
တွေ ကို နှမြောလို့သာ ဝင်တီးဖြစ်တာ။
အခုလိုကျ နေသစ်နေရခက်၏။
ငြင်းလို့ကလည်းမကောင်း၍ အကုန်
လုံးကို ထိုးပေးရ၏။ လက်မှတ်ကိုလည်း ခုမှနဖူးတွေ့ဒူးတွေ့ထိုးရ၍ ဆန်း
ဆန်းပြားပြားမလုပ်နိုင် ။ စာမေးပွဲခန်း
ထဲလာထိုးခိုင်းသည့်အတိုင်းပဲထိုးပေး
လိုက်တယ်။ တချို့ကောင်မလေးတွေ
က တကယ်အနှောင့် ။ ဒီနေရာလေးမှာ
ထိုးပေးပါဆိုလို့ ထိုးပေးလိုက်တယ်။
နောက် နေသစ်က စာရွက်ရဲ့ညာ
ဖက်မှာထိုးပေးလိုက်ရင် ခန့်ကို စာရွက်
ရဲ့ ဘယ်ဖက်မှာထိုးခိုင်းတယ်။ ပြီး
လည်းပြီးရော စာရွက်ထိပ်ဆုံးမှာ
နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြား
ခြင်း ဆိုတာကြီး ကောက်တပ်ပြီး
ဖေ့ဘုတ်ပေါ်တင်ပါတော့၏။
မနိုင်။ အထူးသဖြင့် ပထမနှစ်လေးတွေ
အဆိုးဆုံး။ နေသစ်တို့ ပထမနှစ်စတက်
တုန်းကဆို အခုလို ယောကျာ်းလေး
ချင်းချင်းပေးစားကြဖို့နေနေသာသာ
နာမည်ကြီးစီနီယာယောကျာ်းလေး မိန်းကလေးအတွဲတောင် အခုလိုတွေ လိုက်မနောက်ရဲ။
စီနီယာတွေဆိုကြောက်နေရတာ။ အခုကတော့မဟုတ်။ သူတို့စိတ်ထဲရှိတာ
အကုန်လုပ်ကြ၏။
အားလုံးပြီးပစ္စည်းတွေသိမ်းတော့ မှောင်စပျိုးနေပြီ။ ဝေဠုကတော့ သူ့ကီးဘုတ်ကြီးဖက်ပြီး ငိုက်တောင်ငိုက်နေရှာ
၏။
"ကျွန်တော် ကားမမောင်းနိုင်တော့ဘူး
အခုပဲ အိပ်လိုက်ချင်ပြီ"
ဟုလည်း ညည်းညူသည်။
"ဒါဆို နင့် ကိုထွေးနဲ့ပဲလိုက်ပြီး သူ့ အခန်းပဲ လိုက်အိပ်လိုက်ပါလား။"
အစ်မသစ်သစ်က ဝင်စီစဥ်ပေးတော့
ကိုထွေး ထပြောသည့်စကားကြောင့်
နေသစ်တောင် တွန့်သွားသည်။ ပြော
ပုံကိုလည်းကြည့်ဦး
