သုဝဏ္ဏဘောလုံးကွင်းထဲတွင် ဝီစီသံ၊ စည်းချက်ကျ ဗုံတီးသံတွေ အပြင်
တက္ကသိုလ်ကျောင်းသားကျောင်းသူ
များဖြင့် စည်ကားသိုက်မြိုက်လျက်
ရှိသည်။ နည်းပညာတက္ကသိုလ်အဖွဲ့၏
ပွဲကြည့်စင်တွင် အဖြူ ၊ နက်ပြာများ
ဖြင့် ပြည့်သိပ်နေလျက် တစ်ဖက်အသင်းအတွက် နေရာချပေးထားသောပွဲကြည့်စင်ရှိ အရောင်အသွေးစုံစုံလင်လင်ကလည်း မျက်စိပသာဒဖြစ်စေသည်။
အဖြူရောင်TTU စာလုံးသည် အနီရောင် နဖူးစည်းတွင် ဝံ့ဝံ့ကြွားကြွား
ခန့်ခန့်ထည်ထည်ရှိနေပြီးကျောင်းချစ်
စိတ်ကို ရဲရဲတောက်စေရန်ပံ့ပိုးပေး
နေသည်။ တစ်ဖက်အသင်းပွဲကြည့်စင်
ဘက်မှ လေဖောင်းလက်ရိုက်တံများ၏
စည်းချက်ကျ ညာသံပေးမှုနှင့်အပြိုင်
နည်းပညာတက္ကသိုလ်ဖက်မှာလည်း
ဗုံကို စည်းချက်ကျတီးကာဖြင့် T T U
ဟူသော စာလုံးကို တညီတညွတ်တည်း
အော်ဟစ်စေသည်။
စင်အောက်ဖက်ရှိ Cheer Team မှ
ကျောင်း၏ အလှပဂေးလေးများသည် အဖြူ၊ နက်ပြာ ပန်းပွါးလေးများ
ကို ကိုင်လျက် တက်ကြွစွာကခုန်
နေကြသည်။ ယှဥ်ပြိုင်မည့်အသင်းမှ Cheer teamသည်လည်း
ကျောင်းစာလုံးကို ပုံဖော်ကပြနေပုံက
အကွက်ကျလှပနေ၏။ ဤအခါသမယသည်ဘောလုံးပွဲမစခင် ဟိုဖက်ဒီဖက်အစ်ကိုမောင်တို့ အပေးအယူမျှမျှ ချစ်ကြည်ရေးရနေသည့် သကာလလည်းဖြစ်သေး၏။
နားနေခန်းတွင် အဝတ်လဲနေရင်းအပြင်ဖက်မှလွင့်လာသော ညာသံပေးနေ
သံများနှင့် ဗုံသံအလိုက် နေသစ်ရင်
တွေ ခုန်နေသည်။ ဒါပထမဆုံးပွဲမ
ဟုတ်သော်လည်း ကွင်း၏ အရှိန်ဖိအားကလည်းရှိသည်။ ဝတ်လာသော တီ
ရှပ်ကိုချွတ်ကာနာမည်ကြီးအအေးကုမ္ပဏီတစ်ခုမှ စပွန်ဆာပေးထားသော
Logoပါ ဂျာစီအကျီင်္ အဖြူကိုခေါင်းမှနေ၍ စွပ်ချလိုက်သည်။
ယောကျာ်းလေးတွေချည်းပဲရှိနေသည့် အခန်းမို့ ဘောင်းဘီကိုဒီအတိုင်းချွတ်ချကာ လှဲလှယ်နေကျဖြစ်သော်လည်း ဘေးပတ်ဝန်းကျင်ကို စိတ်မလုံစွာ ဝေ့ဝဲကြည့်မိသေး၏။ ရင်းနှီးနေသော ခြေ
တံရှည်ရှည်၏ ပေါင်တစ်ဝက်တွင်
တော့ အဖြူရောင် ဘောလုံးဘောင်း
ဘီ ဝတ်ဆင်ပြီးသားဖြစ်နေသည်ကို
တွေ့လိုက်ရသည်။ ကျောပိုးအိတ်ထဲ
ထည့်လာသော ဖိနပ်ကို ကြမ်းပြင်ပေါ်
ပစ်ချပြီး ကျောပိုးအိတ်နှင့် ဖုန်းကို
လော့ခ်ကာခန်းထဲ ပစ်ထည့်နေစဥ်
နေသစ်ဘေးနားတွင် အဝတ်လဲနေ
သော အလယ်တန်းကစားသမား
ကို နည်းပြက လှမ်းခေါ်၏။
