မိန်းကလေးတော်တော်များများလည်းစိတ်ကူးယဥ်ဖူးကြလိမ့်မယ်။
သိပ်လှတဲ့ ကပွဲဝတ်စုံဂါဝန်ရှည်ကြီးဝတ်ပြီး ခမ်းနားလှတဲ့ ကျွန်းလှေကား
ကြီးပေါ်က နေ တစ်လှမ်းချင်းဆင်းလာ
မယ့် မိမိကို လှေကားအောက်ခြေကနေ ပြီးအသင့်စောင့်နေမည့် မင်းသား ၊ တစ်ယောက်တည်းတောင် မဟုတ်ဘူး...အဆင်ပေါင်းရှစ်သောင်းလေးထောင်လောက်ပေါ့...နေသစ်မှာ ညနေခင်းကပွဲဝတ်စုံလည်း
မပါဘူး။ ကျွန်းလှေကားကြီးလည်း
မဟုတ်ဘူး။ မိန်းမလှလေးလည်းမ
ဖြစ်နေဘူး။ စောင့်နေတဲ့ အဆင်ပေါင်း
ရှစ်သောင်းလေးထောင်လည်းမရှိပါဘူး။ရေစက်အုတ်ခုံမှာ ငုတ်တုပ်ထိုင်စောင့်နေနှင့်သူသာရှိ၏။နီညို နှင့် အနက်ရောင်နေနှောထားသော ရှပ်အကွက်နှင့်ဂျင်းအနက်ရောင် တွဲဆက်မှုက လိုက်ဖက်သည်ဟု မချီးကျူးလို့မရ။
ကိုယ်တိုင်လည်း ဆိုင်ရာဘာသာရပ်သင်တန်းမှ လာသည်ထင်။ ကျောပိုးအိတ်လွယ်လျက် ဘေးတွင်တော့ လက်ပီအိတ်ကရှိနေသေးသည်။
ကျူရှင်မဟုတ်တောင် သူတို့ဆေဗယ်
တွေကျောင်းပြီးရင်တက်နေကျ Auto cad တို့ Structure တို့ကို အခုတည်းကသင်ယူနေတာမျိုးဖြစ်လိမ့်မည်။မိုင်နာ သင်္ချာတန်းကိုတော့ နေသစ်နှင့်
မိုးလွင်ပဲတက်၍ ခန့်ညီတစ်ယောက်
ကျူရှင်အောက် လာစောင့်နေခြင်းကို
မိုးလွင်က ထူးဆန်းဟန်မပြ။ မိုးလွင်
က သူငယ်ချင်းအုပ်စုထဲ အအေးဆုံးဆို
လည်းမမှား။ ဘယ်သူမျှကို သူ့ဂိမ်း
လောက် စိတ်မစားတတ်တဲ့သူ။ အခု
လည်း ကျောပြင်တစ်စကို စမြင်သည်
နှင့် နေသစ်၏ အတူတူမပြန်ဖြစ်
တော့ဘူး ဟူသော အပြောကိုလည်း
ထွေထွေထူးထူးမမေး။"အိမ်တော့ရောက်အောင်ပြန်နော်" ဟု
သာ သတိပေးသည်။ ရှုတည်တည်
မျက်နှာပေးဖြင့် ထရပ်ကာ စောင့်ကြို
နေသော ခန့်ညီကို လည်းတစ်ချက်သာ
ကြည့်သည်။ သို့သော် စာရင်းထဲမထည့်
ဟန်ဖြင့် နေသစ် ပခုံးကိုသာ တစ်ချက်
ပုတ်လျက်"လိုရင် ဘယ်အချိန်ဖြစ်ဖြစ်ဖုန်းဆက်
လိုက်" ဟု ပြောကာ အရင်ကျောခိုင်း
သွားသည်။ နေသစ်တို့နောက်မှ အသီး
သီးဆင်းလာကြသူများသည် သူတို့
နှစ်ယောက်ကို မသိမသာရော သိသိ
သာသာပါ အကဲခတ်သွားကြသည်။
သေချာသည်က တော်တော်များများ
သည် ခန့်ကို လား ၊ ခန့်ညီ လား ရေ
ရေရာရာသိသွားကြလိမ့်မည်မဟုတ်ပါ။