" ခန့်ကိုရေ...မင်းညီ ခန့်ညီ ဆည်မှာချ
နေပြီ"သူငယ်ချင်းဖြစ်သော မင်းသူထွန်းသည်ကန်တင်းထဲသို့ အမောတကောဖြင့်အပြေးဝင်လာပြီး ၄င်းနှင့်အမြန်လိုက်ခဲ့ရန် ထပ်ပြောသည်။
ခန့်ဇေယျာညီ တို့ကတော့ လုပ်ချလိုက်
ပြန်ပြီ။ ခန့်ကို ထိုင်ခုံမှ ထတော့ မိုးရိပ်
အေး က စိုးရိမ်သော မျက်လုံးများဖြင့်
မော့ကြည့်သည်။အတူတူထိုင်နေကြသော သူမ၏ သူငယ်ချင်းတစ်စုသည်
လည်း မသွားစေချင်သည့် ပုံစံ။
လက်မောင်းကို တွယ်ချိတ်ထားသောမိုးရိပ်၏ လက်ချောင်းလေးများကို
ဖယ်ခွါရင်းမှ မစိုးရိမ်ပါရန် လည်း မျက်
ရိပ်ပြရင်း ပြေးထွက်လာရသည်။ကားစက်နှိုး ၊ သုံးထပ်ဆောင်ရှေ့မိန်း
လမ်းမကြီးပေါ် ကားဘီးရောက်ကာမှ
မင်းသူ ကို အကျိုးအကြောင်းမေးဖြစ်
သည်။"ဒီတစ်ခါရော ဘာဖြစ်တာတဲ့လဲ။ ဘယ်
မေဂျာကကောင်တွေနဲ့လဲ"မင်းသူ က အရင်လို အားပါးတရမရှင်း
ပြ။ ဘေးခုံမှာထိုင်နေရင်းမှ သူ့ကို အား
နာသလို ငဲ့ကြည့်နေသည်။ မျက်လုံးများကလည်း ဂဏါမငြိမ်။"ဘယ်သူတွေနဲ့လဲ"
ခန့်ကို ထပ်မေးမှ
"နေသစ် နဲ့တဲ့" ဟူသော စကားကို ခပ်
တိမ်တိမ်ထွက်လာသည်။
ခန့်ကို သက်ပြင်းရှည်ကြီးချမိတော့၏။
အလောတကြီးနှင့် မောင်းနှင်လာမိ
သော ကားကိုလည်း သိသိသာသာအရှိန်လျှော့လိုက်မိသည်။ ဒါကို မင်းသူကလည်း သိသည်။"မင်းကို နေသစ် ရည်းစားစကား"
ခန့်ကို ဖြတ်ခနဲကြည့်လိုက်တော့ မင်းသူ
က စကားမှားသွားကြောင်း သတိရ၍
ပြောလက်စကို တိခနဲရပ်ပစ်လိုက်သည်။"ခန့်ညီ သိသွားတယ်ကွာ။ မေဂျာဘော
လုံးပွဲတည်းက အဲ့နှစ်ကောင်က ငြိချင်
နေကြတာ။ မင်း ကို ဟိုကောင် မဟုတ်
သုတ်ခ တွေ ပြောတာလည်းသိရော
ချိန်းတော့တာပဲ""အခု ဆည်မှာဖြစ်နေတာကို မင်းဘယ်
လိုသိတာလဲ""ငါတို့ မေဂျာက အနုပညာအသင်း
စကွက် က ကောင်မလေးတစ်ယောက်
က Facebookမှာတင်လိုက်တာ။ နေဦး
ငါ ပြမယ်"