"ထမင်းမစားတော့ဘူးလား သားငယ်"
အခန်းတံခါးအပြင်ဖက်မှနေ၍ ညစာ
စားရန်လာခေါ်နေသော မမကြီးကို
အခန်းထဲမှပင် "မစားတော့ဘူး" ဟုသာ
ပြန်အော်လိုက်ရသည်။ အော်လိုက်ရ၍
အထိုးခံထားရသည့် နှုတ်ခမ်းထောင့်က
စပ်ဖြင်းဖြင်းတောင်ဖြစ်သွားသေး။
နားစွံကြည့်တော့ မမကြီး၏ အောက်ဆင်းသွားသံနှင့် "မေကြီးသားက မစား
ဘူးတဲ့" ဟူသော မေကြီးကို သံတော်ဦး
တင်သံ ကိုကြားရသည်။
မမလတ် ၊ မမလေး နဲ့ ဖေကြီးတို့က ပြန်
မရောက်ကြသေး။ မကြာခင် လူစုံပြန်ရောက်တော့မည်မို့သားအမိနှစ်ယောက်ထမင်းပွဲပြင်နေပုံပဲ။ ဒီနေ့တော့ ဘယ်သူလာခေါ်ခေါ်အောက်ဆင်းထမင်းစားရန် အစီအစဥ်မရှိ။
ညနေက ပြန်လာတုန်းကတောင် မေကြီး
မီးဖိုချောင်ထဲရောက်နေတုန်း အချိန်
ကိုက် ပြန်လာရတာ။ ထင်တဲ့အတိုင်းပဲ
မေကြီးက မီးဖိုထဲ ညနေစာအတွက်လုံးပန်းနေတာ။ အရင်ဆို အထဲထိဝင်
ချပြီး "မေကြီး ဘာချက်လဲ ညာချက်
လဲ ။ မေကြီးသမီးတွေ အတွက်ပဲ သား
အတွက် ကျ ဘယ်လို အဟင်းဟင်း မုန့်
ဖိုးပေး" စသည်ဖြင့် မေကြီးကို သွားရစ်
ပြီးပြီ။ အခုညနေကတော့..."သားပြန်
လာပြီ မေကြီး" လို့သာ အသံပေးပြီးမေကြီး မထွက်လာနိုင်ခင် အိမ်ပေါ်
ထပ် ကိုယ့်အခန်းကိုပြေးတက်ရတာ။
အိမ်ပေါ်ထပ်ကရေချိုးခန်းမှာပဲ ရေချိုး
ပြီး ဘေးချင်းကပ် မမလတ်အခန်းထဲ
တိတ်တိတ်လေးဝင်ကာ လိုတဲ့ဆေးတွေ 'မ' လာပြီး လိမ်းသင့်တန်လိမ်း ၊ သောက်သင့်တန်သောက်ထားရသည်။
တစ်ကိုယ်လုံးဆိုတာ အထိကိုမခံနိုင်ဘူး
ဒီအချိန် ခန့် က ချစ်ကြည်နူးတစ်တီတူး
ကြရအောင်ဆိုရင်တောင် ဆော်ရီးလို့
ပြောရမှာပဲ။ ဟို မအေပေး...အဲ အစ်ကို
ပေး လေး ဆော်ထည့်လိုက်တာ နည်း
မှမနည်းတာ။ အပေါ်ကနေတက်ခွပြီး
ကျင်းခံလိုက်ရတဲ့ ညာဖက်နားထင်က
ခုထိ နာနေတုန်း။ ရေချိုးလိုက်တော့ နားထဲက လေထွက်ရပ်သွားတာက
တော်သေး။ သကောင့်သားကို ပြန်
လုပ်ချင်နေပေမဲ့ ကိုယ်ကြွေနေတဲ့မျက်
နှာနဲ့ ချွတ်စွပ်နီးပါးတူနေတော့ဖြင်းမယ်
ကွာ လို့ လက်ရွယ်ပြီးမှ တွန့်တွန့်သွား
ရတာကို အစ်ကိုပေးယောက်ဖလေးက လက်ဦးမှုတွေ ယူသွားတာ။ နောက်
ပိုင်း မခံနိုင်တော့လွန်းလို့သာ လက်ဖျံ
နဲ့ တစ်ချက်ရိုက်လိုက်တာ သွားဖုံးထိ
ပြီး ပါးစပ်ထဲက သွေးတွေထွက်လာ
တော့လည်း ထိတ်ခနဲက ဖြစ်ရသေး။
လက်ကျိုးသွားတာကတော့ သင်းကုသိုလ်ပဲ။ ညာဖက်ကျိုးသွားတာက
သူ့ စားပွဲတင်တင်းနစ်ပွဲရိုက်ကိုတော့
အနှောင့်အယှက်မဖြစ်စေလောက်ဘူး
လို့ ထင်တာပဲ။ ဒီကောင်က ဘယ်ရော
ညာပါသန်တယ် ကြားတယ်။
