နေသစ်မှတ်မိသလောက် ၄တန်းစတက်
သည့်နှစ်မှာပင် အပေါ်ထပ်က ဖေကြီး
အလုပ်ခန်းကို ရှင်းပြီး နေသစ်အတွက်
ကိုယ်ပိုင်အခန်းပေးလိုက်ကြသည်။
ထိုအချိန်မှ စ၍ တစ်ယောက်တည်း
အိပ်ခဲ့သောနေသစ်။ သူငယ်ချင်းတွေ
နှင့် ညာဥ့်အိပ်ညနေခရီးမထွက်ဖူး၍
သူစိမ်းတရံနှင့်လည်းမအိပ်ခဲ့ဖူးပါ။ ဖေ
ကြီးနှင့်တောင် ခြေထောက်ကျိုးတုန်းကအတူတူပြန်အိပ်ဖြစ်ခြင်းဖြစ်၏။
အခုတော့ နေသစ်နားတွင် နီးနီးကပ်ကပ်ကြားနေရပါသော အသက်ရှူသံ။
တစ်ရေးနိုးလာသည့်အချိန်တွင် တစ်
ခန်လုံး တိတ်ဆိတ်မှောင်မဲနေခဲ့ပြီ။ အိပ်
ရာပြောင်းနေသည်ကို အသားကျအောင် သတိပြန်ကပ်ရင်းမှ နဘေးတွင်
အိပ်မောကျနေသူကိုပါ သတိရသွား၍
ကြည်နူးပီတိဖြစ်ခြင်းက တစ်ကိုယ်လုံး
ကို ပြန်လည်လွှမ်းခြုံလာပြန်သည်။တကယ်ပဲ ခန့်ညီ သည် နေသစ်ထွက်ခွါ
ရာ မြေပေါ်သို့ အရောက်လာတွေ့ခဲ့၏။
ထိုသည်က အိပ်မက်မဟုတ်။ အချစ်ဦး
သည် နေသစ်နဘေးတွင် အိပ်စက်နေခဲ့
ပြီ။ တစ်ခါတလေ လိုချင်သည်ကိုအကုန်ဖြည့်ဆည်းဖြစ်တည်ပေးတတ်သည့် လောကကြီးကိုတောင် အားနာ
ရသည်။ ပထမ အရမ်းကောင်းသည့်
မိသားစု ၊ ပြည့်စုံသည့် ကိုယ်လက်အင်္ဂါ ၊ သင်ယူလေ့လာအားကောင်းသော
ဥာဏ်ရည်၊လူကြားထဲ အမြင်တင့်စေသောရုပ်ရည်အရမ်းနားလည်ပေးပြီး စစ်မှန်သည့် သူငယ်ချင်များ...ထို့နောက် နေသစ်မှလွဲ၍ တခြားသူတွေကိုဆို ရှိတယ်လို့ပင် ထင်ဟန်မရှိသည့် ချစ်သူ။ ထိုလူသည်ကလည်း ဦးဆုံးချစ်ရပါသောအချစ်ဦး ။ မှောင်ရိပ်ထဲ အသားကျသွားပြီဖြစ်သော်လည်း
အပြည့်အဝမမြင်တွေ့ရ၍ အားမရ။ဖုန်းကို စမ်းလျက် ဖွင့်လိုက်ရသည်။
ဖုန်းမျက်နှာပြင်ကိုဖွင့် ခန့်ညီမျက်နှာ
နှင့် မနီးမဝေးတွင်ထားပြီး ဖုန်းမျက်နှာ
ပြင်မှ လာသော ဝါကြင်ကြင်မှိန်ဖျော့
ဖျော့မီးရောင်အောက်မှ ခန့်ညီမျက်နှာ
ကို ငေးမိသည်။ ခန့်ညီတကယ်ကို ငြိမ်း
ချမ်းရာရခဲ့ပြီလား။ ခန့်ညီ၏ အေးရိပ်
က သူပါလားဆိုတဲ့ အသိက ကြက်သီး
များပင် ရှိန်းခနဲပြန့်သွားစေ၏။ဘေးတစောင်းလက်ထောက်ငေးနေရုံ
ဖြင့် မလုံလောက်။ ပျောင်းပျော့စွာ အိပ်
စက်နေသူကို ပခုံးမှဆွဲမကာ ရင်ခွင်
ထဲပိုက်ပွေ့မိသည်။ နွေးထွေးလိုက်တာ။
တိုးသဲ့သဲ့အသံတစ်ခုထွက်လာလျက် နေသစ်ရင်ခွင်ထဲမှနေ၍ မော့ကြည့်သည်။
ခန့်ညီသည်လည်းသူ့လိုပင်လက်တွေ့ကို အသားကျဖို့ ခေတ္တခဏကြိုးစားလိုက်ရသေး၏။ လက်ရှိ ပစ္စုပ္ပန်သည် အိပ်
မက်မဟုတ်ကြောင်းသိသွားပြီးသည့်
နောက် နေသစ်ခါးတို့ကို ပြန်လည်ပွေ့
ဖက်သည်။ တင်းတင်းကျပ်ကျပ်ဖြင့်...