ကားတံခါးပိတ် လော့ခ်ကျအပြီး ကွက်
တိ ဆိုသလို တစ်စီးကျော်ရှိနေသော
MrakII ပေါ်မှ ဆင်းလာသော အဖြူ၊
နက်ပြာ အရောင်တွဲဆက်မှုအစုအဖွဲ့
များ။
မျှော်မှန်းထားသလို နက်ပြာကွက်ပုဆိုး
တွေပဲ မဟုတ်။ အသားကောင်းမွန်ပုံ
ရသော နက်ပြာရောင် ထမီစနှင့် နူးညံ့
သော ခြေတစ်စုံ။ခန့် ကတော့ မြင်မြင်ချင်း မူပိုင်အပြုံး
ဖြင့် နှုတ်ဆက်သည်။ ဘေးမှလိုက်လာ
သော မိုးရိပ် ကိုတော့ နေသစ်ကပဲစ
တင်နှုတ်ဆက်လိုက်ပါ၏။ ခန့်တို့အတွဲ နောက်က ရှုတူတူမျက်နှာထားနဲ့ သတ္တဝါကိုသာ သိသိသာသာမမြင်ချင်ယောင်ဆောင်ထားဖြစ်သည်။"ငမိုးရိပ် ပါ အတူတူလိုက်လာတာ
လား"ခေါင်းတချက်သာ ညိတ်ပြပြီး ဘေးနား
ကပ်ရပ်နေသော ခန့် ကိုမော့ကြည့်သည်
မနက်ခင်း တွင်မို့ သူမအလှက လန်း
လန့်ဆန်းဆန်း။ မွှေးမွှေးပျပျပေါ့။"ကို...ရိပ်ကို Workshopထိလိုက်ပို့ပေးပါလား"
"အင်း...အင်း"
ခန့် ပုံစံ ၊ မျက်နှာထား က ကျဥ်းကျပ်
နေပုံ။ သို့သော် ဘာမှတော့ထွေထွေထူး
ထူးမပြော။ နောက်ဆုံး နေသစ်ကို အကြည့်ဖြင့်သာ နှုတ်ဆက်ပြီး မိုးရိပ် တို့အဆောင်ဘက်ကို ထွက်သွားသည်။
ဘာလို့မှန်းမသိ။နေသစ်နေရာမရွေ့ဘဲ
ကျောခိုင်းသွားတဲ့ ကျောပြင်နှစ်ခုကို
ပဲ ငေးကြည့်နေမိသည်။"လဒ မှိုင် မှိုင်ပြမနေနဲ့ မင်းရမှာလည်း
မဟုတ်ဘူး"ဘေးကနေကို တဲ့ကြီးလာစော်ကားလိုက်သော ခန့်ညီ။ သင်းက မသွားသေး
ဘဲ ဘာအကုသိုလ်လာများနေသေးတာလဲ။"မင်း သောက်ပူပါလား"
"မိုးရိပ် အဆင်မပြေတာ ကောက်ကွေး
နေတာ ငါ့သောက်ပူမဟုတ်ပေမဲ့ သူ့
ရည်းစားတော်ထားရတဲ့ ငါ့အစ်ကိုတော့
ကွိုင် အထွေးလိုက်လောင်နေတာနော်
ဟေ့ကောင်...ဒါကတော့ ငါ့သောက်ပူဖြစ်သွားပြီ"အမယ်...စကားလေးဘာလေး ပြောတတ်လာပါလား။ ဒီကောင် ဒီရက်ပိုင်း
မြန်မာကားလေးတွေပုံမှန်ကြည့်ဖြစ်
ပုံပဲ။ နေသစ် မျက်နှာတည့်တည့်ကို
လက်ညှိုးကြီးထိုးထိုးပြီးပြောနေတဲ့
ဒီဇိုင်းကိုက မြင့်မြတ် သရုပ်ဆောင်
မှုနဲ့တောင် ဆင်တင်တင်။ နေသစ်ရယ်ချင်နေသည့်စိတ်ကို မနည်းမျိုသိပ်နေ
ရသည်။