အပိုင်း ၁၀

36.1K 4.1K 529
                                    

နေသစ် ဘောလုံးကွင်းထဲရောက်တော့
လူမစုံသေး။ နောက်ဆုံးအတန်းချိန်ဖြစ်
၍ တချို့က အတန်းပြီးမှ ဆင်းလာကြ
မည် တူရဲ့။

နေသစ် ကွင်းတစ်ဖက်မှ ပွဲကြည့်စင်ကို
မျှော်ကြည့်တော့ အဖြူရိပ်တစ်ခုထိုင်
နေသည်ကို တွေ့ရသည်။ ဒါနဲ့ပဲ ဦးထုပ်
ထုတ်ဆောင်းပြီး ညနေ အောက် အပူ
ငွေ့ရှိနေသေးသည့် ကွင်းကိုဖြတ်ကာ
ပွဲကြည့်စင်ဆီ ဦးတည်လိုက်သည်။

"ကြာပြီလား"

ခန့်ညီထိုင်နေသော အောက်တစ်ထစ်တွင် ထိုင်ရင်း မော့မေးတော့

"မကြာသေးဘူး" ဆိုသည့် တိုပြတ်ပြတ်
အဖြေကို ပြန်ရ၏။

ခန့်ညီ၏ ထုံးစံအတိုင်း မေဂျာတီရှပ်
ဖြင့်သာ...အောက်ကတော့ နေသစ်
လို  ဘောလုံးဘောင်းဘီတိုနှင့်။ ခန့် နဲ့
ခန့်ညီ က ရုပ်ချင်းချွတ်စွပ်တူကြပေမဲ့
အဝတ်အစားဝတ်ပုံကိုကြည့်ပြီးတော့
ခွဲဖို့လွယ်သည်။ ခန့်က အမြဲလိုလို
ဖြူဖွေးကျော့ကော့နေတဲ့ ပခုံးဘားတန်းတပ် ရှပ်အကျီင်္  လက်ရှည်ကို ပုဆိုး
နက်ပြာနှင့် သေသေသပ်သပ်ဝတ်ဆင်
တတ်သည်။ ကျောင်းက သတ်မှတ်ထားသော ယူနီဖောင်းအပြည့်အစုံနမူ
နာကို သိချင်ပါက ခန့် ကို စံထားကြည့်
လို့ရသည်။

ခန့်ညီသည်ကားဝဲလ်ကမ်းအမှတ်တရထုတ်တီရှပ်ကို နှစ်တိုင်းဝယ်အားပေးပုံရ၏။နှစ်တိုင်း အတွက် ထုတ်ထားသည့်
တီရှပ် အဖြူနှင့် ပုဆိုးဖြင့်သာအတွေ့
များသည်။ ရာသီဥတုနည်းနည်းအေး
သလိုရှိရင် ရှပ်အပါးတစ်ထည်ထပ်
ဝတ်သည်။ များများအေးနေတယ်ဆိုရင်တော့ ဟော်ဒီ တစ်ထည်သာ စွပ်ထားတတ်သည်။ အောက်က အကျီင်္  ပါလားမပါလားတော့မသိ။
တချို့အမွှာတွေဆို ဘာမဆိုဆင်တူပေမဲ့ သူတို့အမွှာကတော့ တခြားစီ။ခန့် အသုံးအဆောင်တွေကိုကြည့်ရင်
ချမ်းသာတဲ့ အိမ်က ကလေးမှန်းသိသာ
စေပေမဲ့ ခန့်ညီကတော့ သာမန်ပဲ။ ခန့်
ကိုယ်ပေါ်မှာတွေ့ရတတ်သော တန်ဖိုးကြီးပစ္စည်းဆိုတာတွေခန့်ညီ ဆီမှာ မတွေ့ရတတ်။

ပစ္စည်းတွေ မရှိလို့ အေးချမ်းနေမလား
ဆိုတော့လည်း မဟုတ်။ မျက်နှာကအမြဲတစေ ရှူတည်တည် နှင့်...

မြေ့Where stories live. Discover now