"Hi...ငါပါ ။ အိုင်တီ ဒရမ်မား ကင်း လေးရဲ့ သူငယ်ချင်းမလေး မိအရုဏ်လေးပါ"
"သေပြီလား ငါ့ကောင်ရေ..."
လူတွေကိုမမြင်ရသေးခင် မိအရုဏ်နှင့်ဟိန်းထက်၏ အော်ကျယ်ကျယ်အသံကအခန်းထဲသို့ ရှေ့ပြေးအဖြစ်ရောက်
နှင့်၏။ဆေးရုံအခန်းတံခါးကို ဖွင့်ပြီး ဝုန်းဒိုင်းနဲ့ဝင်ချလာသော ပေါင်းဖော်ဆွေရင်းတွေ။ နေသစ်ခုတင်ဘေးထိုင်နေသော မမကြီးနဲ့ မမလတ်ကိုတွေ့မှ ကိုယ်ရှိန်သတ်ပြီး"သြော် မမကြီးနဲ့ မမလတ် ရှိနေတာလား"
ဘာညာနှင့် အခွက်ပြောင်တွေကို မျက်နှာပိုးသတ် ၊ လျှာတစ်လစ်ထုတ်ပြီး လျှောချကြသည်။ ခပ်အေးအေးသမားမိုးလွင်ကတော့ နေသစ်ကိုသာ...
"ဘယ်လိုနေသေးလဲ" ဟု အရင်မေးလာ၏
"အင်း အသက်ရှူသွင်းရင်တော့ အောင့်
နေတုန်းပဲ...ခြေထောက်ကတော့..."ကျောက်ပတ်တီးအဖွေးသားအကိုင်ခံထားရသော ညာခြေကိုသာ မျက်စပစ်ပြလိုက်ရသည်။
"ကဲ ဒါဆို သူငယ်ချင်းတွေနဲ့ နေဦး။ မမကြီးတို့ ခဏပြန်မယ်။ ညနေ ဖေကြီးည
စောင့်ဖို့ လာမှ ပြန်လိုက်ကြပေါ့နော်""ဟုတ်ကဲ့ မမကြီး"
"ကလေးတွေရော ဘာစားကြမလဲ။ မမကြီးအောက်က ကင်န်တင်းမှာ မှာပြီးပို့
ခိုင်းလိုက်မယ်""အာ...ရတယ် မမကြီး။ ပေါ့ပေါ့ပါးပါး
ကြာဇံကြော်တစ်ပွဲနဲ့ ထောပတ်သီး ဖျော်ရည်လေး တစ်ခွက်လောက်ပဲ ဟီးဟီး။စကားပြောရင်း စားလို့ရအောင်ရေခဲချောင်းလေးပါရင် ပိုအဆင်ပြေတာပေါ့"ခုတင်ပေါ် လှဲနေရသည်သာ မဟုတ်ရင် မိအရုဏ်ခေါင်းနောက်ကို ဖြတ်ရိုက်ချင်ပေမဲ့ အကျိုးတစ်ယောက်အနေဖြင့်
"များပြီသောက်ငတ်ရေ..." ဟုသာ ဆဲနိုင်လိုက်၏။
နေသစ်တို့ အဖွဲ့အကြောင်းသိနေသော မမကြီး နဲ့ မမလေးကတော့ "လာပို့ခိုင်းလိုက်မယ်" ဟုသာပြောရင်း အိမ်ပြန်သယ်စရာပစ္စည်းပစ္စယတွေ ထည့်သိမ်းဆည်းပြီးအခန်းထဲမှာ ထွက်သွားပေးကြသည်။
"ဟမ် လူနာလာမေးတော့ လက်ဗလာနဲ့
ငါ့အစ်မတွေကို တော့ လည်ပင်းညှစ်တယ်"