"သွား ! ရေချိုးတော့..."
ရင်ဖက်ကနေ တွန်းထုတ်ပြီး ရေချိုးခိုင်း
ပြီးမှ သင်းအတွက် အဆင်သင့်ရှိမရှိ ၊
ရေချိုးခန်းထဲ အရင်ဝင်စစ်ပေးရသေး
သည်။ တစ်နည်းအားဖြင့် သင်းအဝတ်
အစားချွတ်ချိန်ပေးလိုက်ခြင်းလည်း
ဖြစ်သည်။"ဘာဖြစ်လို့လဲ"
ရေချိုးခန်းတံခါး 'ဟ' ကာ အတွင်းထဲ
ခေါင်းပြူချောင်းကြည့်နေသော နေသစ်
နောက်မှ ထွက်လာသော အသံ။ နီးနီးကပ်ကပ်မို့ လှည့်ကြည့်လိုက်တော့
ဖြူဖွေးပြီးပါးလျပ်နေသော ဗိုက်ကို
လက်က အလိုလိုထောက်မိသည်။
ရေချိုးခန်းသုံးသပတ်သာပတ်ထား
သောကြောင့် အပေါ်ပိုင်းတစ်ခုလုံးကို
ရှင်းလင်းစွာ မြင်တွေ့ရသည်။ အလိုလို
တံတွေးတစ်ချက် မြိုချမိပြီးမှ ကျဥ်းထဲ
ကျပ်ထဲမှ ထွက်လျက် ခန့်ညီအနောက်
ဘက်သို့ရောက်အောင် လှမ်းလျှောက်
ရသည်။ ရင်ခုန်နှုန်းနဲ့အပြိုင်ခြေလှမ်း
ခြေချက မမှန်ချင်။မြင်ကွင်းပြောင်းသွားပေမဲ့ အလှတရားကလျော့ပါးကာကျမသွား။ စိုလဲ့လဲ့ကျောပြင်ဖွေးဖွေး ကိုအမြဲ မူးမူးရူးရူးဖြစ်နေချိန်သာမြင်ခဲ့ရတာ။ အကောင်းအတိုင်း ရှိနေစဥ်မြင်လိုက်ရတော့ အ
ကြည့်ကိုမလွှဲဖြစ်တော့ပါ။
ဒီအတောတွင်းကိုယ်ရည်စစ်သွား၍လားမသိ၊ တောင်ပံရိုးနှစ်ခုက
ပိုထင်းနေသလို ၊ ခါးကပိုသိမ်သွားသည်။
တကယ့်အလှလေး ။ ရိပ်သင်ထားသော
ဆံပင်တိုတိုအောက်မှာ စိမ်းနေတဲ့ ဂုတ်
ပိုးသားလေး ၊ သွားရာအကွင်းလိုက်
ဖြစ်သွားအောင် ကိုက်လိုက်ရရင်ဖြင့်..."ညီလေး...ရပ်မနေနဲ့ ရေမြန်မြန်ဝင်
ချိုး"သမာဓိစမ်းနေသော ခန့်ညီလေးကို ဒီ
တစ်ခါတော့ လွှတ်ပေးလိုက်ပါ့မယ်။
နှစ်ရက်လောက်ရေမချိုးမိုးမချိုးနဲ့ရှိနေသော ကိုယ်လေးကိုတော့ ချမ်းသာပေးလိုက်မည်။ အိမ်သာထဲက လက်ဆေးဆပ်ပြာရည်နဲ့ သစ်လာတဲ့ မျက်နှာလေးကိုတောင် အလွတ်မပေးမိလိုက်သည်
ကိုတော့ဖြင့် နောင်တလုံးဝမရ။
ရေချိုးခန်းတံခါးပိတ်ချလိုက်သံနှင့်အတူလော့ခ်ချသံပါကြားလိုက်ရသည်။
ဒါကျ အပြားမလိုဘူးလို့ တွေးမိပြီးမှ
ညီအစ်ကိုနှစ်ယောက်နေလာရလို့ ဖြစ်
မှာပါလေလို့ နေသစ်ကပဲ ဖြည့်တွေး
ပေးလိုက်ပါသည်။