အပိုင်း ၂၁

43.7K 4.4K 370
                                        

"ဘာမှ မဟုတ်တဲ့ကောင်လို နေ" ဆို
သည့်စကားအတိုင်း ခပ်ဝေးဝေးမှာကိုနေ၏။ နေသစ်အနားသို့ကပ်လာ
စရာအကြောင်းလည်း ရှိမှ မရှိတော့ဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက
တစ်ခန်းရပ်ခဲ့ပြီ။
နေသစ်လည်း သူ့ကိုမကြည့်မိအောင် ရှောင်လွဲရင်း နည်းပြခိုင်းသည့်အတိုင်း
တသွေမတိမ်းလိုက်နာကာ လေ့ကျင့်
ခန်းအပေါ်မှာသာ အာရုံအပြည့်ထား
ထားသည်။ ကျောင်းပေါင်းစုံ ဖလား
ပြိုင်ပွဲက ရက်ပိုင်းမျှသာ လိုတော့ချိန်
ဖြစ်နေ၍ အသင်းသားအားလုံး၏ ပထ
မဦးစားပေးက ဘောလုံးပွဲပင်။ ကျောင်းတစ်ခုလုံးကလည်း ဘောလုံး
ပွဲအတွက်ပင်  အားခဲပြင်ဆင်နေ
ကြ၍ နေသစ်တို့ဖြစ်ပျက်ခဲ့သမျှသည်
ဘာမှမဟုတ်တော့သလိုဖြစ်နေပြီ။

မိုးရိပ်၏ အပေါင်းအပါကောင်မလေး
များသည် နေသစ်တို့ အချင်းချင်းစ
နောက်ထားကြသည့်ပုံကိုယူခြင်းဖြစ်သည်။ တမင်သက်သက်အထင်မှားအောင်လုပ်ခဲ့မိသည့်အတွက် စီနီယာဖြစ်သည့်နေသစ်အားတောင်းပန်ကြောင်းကို သူတို့အကောင့်များတွင်  အတိအလင်းတင်ပြီးသည့်နောက်တခြားကျောင်းများမှ ဝေဖန်ချက်များလည်း အလိုလိုငြိမ်ကျသွားသည်။
ထိုသို့သော တောင်းပန်ခြင်းနောက်တွင်
တော့ ခန့် ဘက်က တစ်စုံတစ်ရာ သဘောတူညီမှု ယူလိုက်ရမည်ကို ခန့်
မှန်းမိသော်လည်း နေသစ်မမေးချင်တော့။ တွေ့နေမြင်နေရသည်များအရ
မေးစရာမလို။
ခန့် နဲ့ မိုးရိပ်သည်လည်း တွဲမြဲတွဲလျက် အဆင်ပြေနေကြသည်ဆိုတာမျိုးကို တစ်ကျောင်းလုံးသိအောင် ပြထားပြီးပြီပဲ။ ဘာပဲပြောပြောမိုးရိပ်တော်သည်ဟု ပြောရမည်။ အခုကိစ္စများအားလုံး၏ နောက်ကွယ်တွင်သူမ  ရှိနေသည်ကို ကာယကံရှင်အားလုံးသိနေကြသော်လည်း အပြင်လူများအမြင်တွင် သူမက တစ်သီးတစ်ဘာသာ ခွဲထုတ်နေသလိုမျိုးမြင်အောင်နေပြနိုင်သည်။ သိသာသိသော်လည်းထင်ရှားသည့်သက်သေဆိုတာမျိုးမရှိကြ၍ အစ်မသစ်သစ်ဘက်မှလည်းရန်ကိုရန်ချင်းမတုံ့နှင်းတော့ဘဲ ငြိမ်လိုက်ရ၏။

တိတ်ဆိတ်ငြိမ်သက်သွားသော အရာ
များထဲတွင် ကောလာဟလများအပြင်
ပို့နေကျ မက်ချ်ဆေ့များနှင့် အတန်းဆင်းချိန်တိုင်း သောက်ရတတ်သည့်
မိုင်လိုအေးဗူးများလည်းပါသွားပြီ
ဖြစ်၏။ ဒီ့အတွက်ထူးထွေစွာ မခံ
စားနေရအောင် နေသစ်နေတတ်အောင်
နေရမည်။ သို့ပေမဲ့ လူတွေရဲ့ အငုံ့စိတ်
ပဲပြောရမလား။ မင်း မရှိလည်း
ငါအဆင်ပြေနေတယ် ဆိုတဲ့အကြောင်း
ကိုတော့ တကူးတကပြနေမိသည်။

မြေ့Место, где живут истории. Откройте их для себя