🚨အသက်၁၆နှစ်အောက်များအတွက်မသင့်တော်သော ဇာတ်လမ်းဇာတ်ကွက်များ ၊ အပြောအဆိုများပါရှိကြောင်းကြိုတင်သတိပေးအပ်ပါသည်🚨
................................................................
နေသစ် ကျောင်းကပြန်ရောက်ပြီး
သည်နှင့် မမလတ်ထံ ဒီညဘောလုံး
အသင်းက ချိန်းထား၍ အပြင်ထွက်ရ
မည်ဖြစ်ကြောင်းအသိပေးရသည်။
မမလတ်ဆီမှ ခွင့်ပြုချက်ရသည်နှင့် ရေချိုး အဝတ်အစားလဲခြင်းအမှုကိုအမြန်ပြုရ၏။
အခန်းထဲမှ ထွက်၊ အောက်ထပ်ဆင်း
တော့ ဖေကြီးနှင့်တိုးသည်။"သား ဘယ်လဲ ။ မင်းဟာက ၇နာရီပဲ
ထိုးနေပြီ"နေသစ် တဟဲဟဲနှင့်ရယ်ပြရင်း ခေါင်း
ကုတ်ဖင်ကုတ်နဲ့ပင် တပ်ပလက်နှင့်ဖေ့ဘုတ်သုံးနေသည့် ဖေကြီးနားသွားရပ်
လိုက်သည်။"မင်း မေကြီး က အပြင်ထွက်ဖို့ ခွင့်ပြု
မှာ မဟုတ်ဘူးနော်""မမလတ် ကို ပြောပြီးသွားပြီ။ ရတယ်
သွားတဲ့"မမလတ် ကို ဆွဲထည့်လိုက်၏။ တကယ်လည်း မမလတ်က ခွင့်ပြုလိုက်သည်ပဲလေ။ ဖေကြီးနဲ့ မေကြီးက
နေသစ်ကိစ္စဆို မမလတ်၏စကားဆို
ယုံသည်။"ဟုတ်ပါပြီ...ဘယ်လဲပြောသွားဦး"
"သိပ်မဝေးပါဘူး ဖေကြီးရ...
စမ်းချောင်းနားတင်။ ဘောလုံးအသင်း
ခေါင်းဆောင် ကချိန်းတော့ ငြင်းရခက်
တာနဲ့...""အများကြီးမလုပ်နဲ့ ၊ ကားမယူသွား
နဲ့ ဖုန်းကိုဖွင့်ထား""ဟုတ်။ ကားက တကယ်မယူရဘူး
လား""မင်းမေကြီးစိတ်ပူနေလိမ့်မယ်။ ခဏ
လိုလိုပိုပိုယူသွားဦး"ဖေကြီးက ထိုင်ခုံမှထကာ သူ့အခန်းထဲ
ရှိ ပိုက်ဆံအိတ်ကိုသွားထုတ်လာသည်
လက်ထဲ တစ်သောင်းတန်၅ရွက်ရောက်
လာတော့ နေသစ်ပင် အားနာသွားရ၏။
နေသစ်က ဆိုင်ထိုင်တာတွေဘာတွေ
တစ်နှစ်နေလို့တစ်ခေါက်မလုပ်ဖြစ်။
မွေးနေ့ပါတီတွေဘာတွေ သွားရင်
နည်းနည်းသောက်ခိုင်းရင် သောက်
တယ်။ အဲ့လောက်ပဲ။ အခု နေသစ်
ဆိုင်ထိုင်မယ်ဆိုတာ သိသိရက်နှင့်
သူများအိမ်တွေကလို မသွားရဘူးဆိုတာမျိုးတွေ မပိတ်ပင်သည့်အပြင်ဖေကြီး ကိုယ်တိုင်တောင်နားလည်ပေးပြီး
မုန့်ဖိုးပါထုတ်ပေးတော့ နေသစ်စိတ်
ထဲ ထိသွားရသည်။