အိပ်မက်ထဲတွင် သန့်စင်ခန်းထဲရောက်နေပြီး အားပါးတရ ရှူးရှူးပန်းလို့ရနေသည်ဆိုတည်းက ဒါသည် ထောင်ချောက်တစ်ခုဖြစ်နေကြောင်းကိုသိလိုက်ပြီ။
ခုတင်ပေါ်မှ အသာထကြည့်သည်။ ညမီးအိမ်မှိန်မှိန်အောက်မှမှုန်မှုန်ဝါးဝါးမြင်ကွင်းအစုံစုံကို ကျင့်သားရအောင်ကြည့်ရသေးသည်။ ဘေးတစောင်းဖြင့် ကျောပေးပြီး အိပ်မောကျနေသော ဖေကြီးသည်မတိုးမကျယ်ဟောက်သံပေး
နေသည်။ အိပ်မက်မက်ရသည်အထိဖြစ်၍ အခြေအနေက ကြာကြာမအောင့်ထားနိုင်သော်လည်း ဖေကြီးနိုးသွားမည်ကိုလည်းစိုးသည်။
ဆေးရုံကဆင်းလာပြီးတည်းက နေသစ် ညရေးညတာထသွားဖို့ အဆင်
ပြေစေရန် ဖေကြီးနှင့် ဖေကြီးတို့ အခန်း
မှာ သွားအိပ်ရသည်။ မေကြီးက မမလတအခန်းထဲ သွားအိပ်ပေးသည်။ ဖေကြီးကတော့ယောကျာ်းလေးချင်းမို့ နေသစ်ကိုအပေါ့စွန့်သည့် ဘူးက အစယူပေးနေ၍ကြာတော့ အားနာသည်။ ဖေကြီးက နေသစ်အတွက်ဆို အဘိုးအဘွားအရွယ်ဖြစ်နေပေမဲ့အခုထိ ဖေကြီးကတော့ တက်ပလက်တစ်လုံးဖြင့် နေသစ်ကိုအမီလိုက်နေရှာဆဲ။ အခုလည်း တစ်နေကုန်ရုံးသွားရ
ဆိုင်္ဒတွေထဲပတ်ကြည့် ၊ အခုညပိုင်းတော့ပြည့်ပြည့်ဝဝအိပ်ပါစေပေါ့။ နေသစ်ချော်လဲမည်စိုး၍ ကော်ဗူးကအစယူပေး ၊ မနက်လင်းရင်လည်းမမကြီးတို့က အောက်ဆင်းလာပြီး နေသစ်ကိုရေချိုးခန်းထဲတွဲထည့်ပေးပေမဲ့ ရေချိုး ပေးရတာ ဖေကြီးပင်။
မိသားစုကို အားနာလွန်း၍ ခြေထောက်လည်းမြန်မြန်ပတ်တီးဖြည်ချင်နေပြီဖြစ်၏။ မွေ့ရာအိစက်စက်ပေါ်တွင် အသံမထွက်အောင်ဖင်တွန်းရင်း ဆင်းရသည်ကထင်သလောက်မလွယ်။ သတိကြီးစွာထားနေရင်းမှ ဖေကြီးက နိုးလာသည်။ နိုးနိုးချင်းမှာပင် နေသစ်ကို
လှည့်ကြည့်ပြီး
"သားငယ်...ရှူးပေါက်ချင်လို့လား" ဟု
မေးလည်းမေး ၊ ချက်ချင်းဆိုသလို အိပ်ချင်မပြေသေးတဲ့ မျက်လုံးတွေကိုလက်ခုံဖြင့် နာနာဖိပွတ်ရင်း နေသစ်ရှိရာ ခုတင်စွန်းသို့လျှောက်လှမ်းလာသည်။ အရင်နေ့တွေကအတိုင်း ဆီးဗူးကို ယူပေးသည်။ ဘောင်းဘီချွတ်လို့လွယ်အောင်ပါ ကူညီပေးသေးသည်။ ဒီအဖေ ချော့သိပ်မှ အိပ်ပျော်တတ်ခဲ့သော အငယ်ဆုံးသားပီပီ ဖေကြီးကို ရှက်မနေပါ။ နေသစ်ခံစားမိသည်က ကြီးစွာသော အားနာခြင်း။
ဒါကိုလည်း ဖေကြီးက သိသည်။ နေသစ်ကိစ္စပြီးသည်နှင့်
