အပိုင်း ၁၃

44.8K 4.4K 653
                                        

အခန်းတွင်းစပီကာမှ ထွက်ပေါ်လာသောဘဲလ်သံသည်ကား ဗေလုဝစောင်းသံပမာနားဝင်ချိုလှသည်။ နေသစ်ဝမ်းသာအားရစာအုပ်ကို အိတ်ထဲကောက်ထည့်မည်ပြင်စဥ်

"ဒီနေ့ အချိန်ပိုယူမယ်လို့ ခင်ဗျားတို့ကို ကျွန်တော်ပြောထားတယ်မလား" ဟူသောကထိက၏ သြဇာဓာတ်ပြည့်ဝသောစကားသံသည် ဘဲလ်သံနောက်မှ အောင်မြင်ခန့်ညားစွာထွက်ပေါ်လာလေ၏။

အခန်းထဲမှ ကျောင်းသားအားလုံးသည်
လည်း "ဟုတ်ကဲ့" ဟူသော စကားသံတွင်အရေးအကြောင်းထူးကဲမှုမပါ။ ဘေးနားတွင်ထိုင်နေကြပါသော မိုးလွင် နှင့် မိအရုဏ်လင်းဝေ သည်လည်း မင်သေသေမျက်နှာပေးများဖြင့်ပင်။ သေချာပြီ ဒီကောင်တွေနေသစ်ကို ဆေးဝိုင်းထိုးလိုက်ကြပြီဖြစ်၏။ အရှေ့တွင် အားကြိုးမာန်ပါ စွာဖြင့် စာဆက်သင်နေသော ဆရာ့ကိုရှုံ့မဲ့မဲ့ထိုင်ကြည့်နေမိသောအခါ ရယ်သံ

တိုးတိုးတို့ဖြင့် လှောင်ကြသည်။

နေသစ်ကိုက ကံဆိုးတာပါ။ မနက်ကလည်း အိပ်ရာထနောက်ကျသည်။ ပထမဆုံးအတန်းချိန်ကလည်း နေသစ်ကျူရှင်မယူသည့်
Java(Programming Language in Java) အတန်းချိန်ဖြစ်၍
မပျက်ချင်တာနဲ့ ကန်တင်းမဝင်ဘဲ ဗိုက်
ဟောင်းလောင်းနဲ့သာ စာသင်လိုက်ရသည်။ Java ချိန်ပြီးပြီးချင်း လစ်ထွက်
ချိန်တောင်မရလိုက်...အတန်းနောက်
ပေါက်မှာ  ဆရာက ခန့်ခန့်ကြီးရပ်နေ၍ ​အတန်းထဲ ခြေချုပ်မိခံလိုက်ရသည်။ အခုတော့ ဗိုက်ထဲ တကျုတ်ကျုတ်နှင့်ဖြစ်နေပြီ။ ဗိုက်ဆာ၍ ဒေါက ကန်လာသည်။

"မအေပေးတွေ ငါ့ကိုဆေးတွေသွင်းထားတယ်နော်...အချိန်ပိုသင်မယ်ဆိုတာသိလည်း အကြောင်းလေးဘာလေးကြားကြလေ"

မိုးလွင်။    ။  "မင်း ဘာသာမင်း မနေ့ကကျောင်းမတက်လို့မသိတာလေ"

ဟိန်းထက် ။    ။"မင်းကရော မေးလို့လား"

အရုဏ်။    ။"အေးလေ...သူ့ကိုယ်သူ သောက်ထာကျတဲ့ ဘောသမားကြီးဆိုပြီး သွားသောက်တာလေ"

တစ်ယောက်တစ်ပေါက်ပြောပြီးနောက်
နောက်ဆုံးပိတ်အနေဖြင့် "သေလေ"
ဟူသော စကားလုံးဖြင့်ပြိုင်တူဆွမ်းကြီးဝိုင်းလောင်းကြသည်။
နေသစ် လည်း အသံထွက်ဆဲ၍
သော်လည်းကောင်း ၊ ထုတ်ဆဲရန်မသင့်သည်များကို အသံတိတ်ဖြင့်သော်လည်း
ကောင်း သင့်တော်ရာဖြင့် အပိုင်းလိုက်ခွဲ
ဆဲပေးနေလိုက်တော့သည်။

မြေ့Où les histoires vivent. Découvrez maintenant