Zawgyi 🌴
||ဝမ်အိမ်တော်ရဲ့သခင်လေး ဝမ်ရိပေါ်အား
အမွေပျက်စွန့်လွှတ်ခြင်း||သတင်းစာထဲမှာထင်ထင်ရှားရှားပါဝင်နေတဲ့အကြောင်းရာအား
စိတ်ပျက်စွာမျက်နှာလွှဲရင်းသတင်းစာစောင်ကိုအခန်းထောင့်မှာရှိတဲ့
အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။"စောက်ရေးမပါတာ!!
"ဘာလဲ နောင်တရနေပြီလား?
အနောက်ကနေသိုင်းဖက်လာသည့်လက်တစ်စုံကြောင့်
ဒေါသတွေရေနဲ့ဖြန်းပတ်လိုက်တဲ့အတိုင်းအေးခနဲဖြစ်သွားရတယ်။အသက်က၁၈နှစ်ကျော်ကျော်လေးမှာကျောင်းတက်နေစဲပဲ
ရိပေါ်မှာမားမားမရှိတော့ဘူးပါးပါးပဲရှိတော့တယ်..။
ပါးပါးကသူ့ကိုတုန်နေအောင်ချစ်ပေမယ့်လိင်တူချစ်တာတော့
ခွင့်ပြုမထားဘူး။သိသိချင်းတုန်းကအသဲအသန်ဖြောင်းဖျပြီးပြောသော်ငြား
ရိပေါ်ကနားမထောင်..။'ငယ်ရွယ်သူမို့စိတ်ကစားနေတာပါ'တဲ့ အဟက်
အဲ့တုန်းကရိပေါ်ရယ်ချင်စိတ်ကိုမနည်းတားထားရတယ်။
ဟင့်အင်း သူစိတ်ကစားခဲ့တာမဟုတ်ရပါဘူး အချစ်စစ်ကို
ငယ်ရွယ်တဲ့အချိန်မှာ ရှာတွေ့ခဲ့တာပါ။သဘောမတူတဲ့ကြားကနေရှောင်းကျန့်နောက်လိုက်လာတာ
သူ့အချစ်က သတ္တိတွေအပြည့်နဲ့...။"သွားစမ်းပါ နောင်တရစရာလား!!
နှစ်ယောက်လုံးရဲ့ရယ်သံကအခန်းကျဉ်းလေးထဲကျွတ်ကျွတ်ညံသွားတယ်။
ရှောင်းကျန့်ကမ္ဘာမှာဝမ်အိမ်တော်နေရသလိုဇိမ်ခံကား
Money Card တစ်ခြားတန်ဖိုးကြီးအသုံးဆောင်တွေ
စီးကရက်တောင်ဈေးအနည်းဆုံးဟာပဲရမှာဆိုတာသူသိသော်ငြား
ရိပေါ်တွေးကြောက်မနေဘူး။ဒီလူကိုယုံလို့ အချစ်ရဲ့လက်ကိုတောင်ဆွဲခဲ့ပြီးပြီပဲ..။
အဓိကက သူရှောင်းကျန့်နဲ့အတူနေရဖို့ပဲဖြစ်တယ်။ရှောင်းကျန့်မှာမသန်မစွမ်းညီမလေးတစ်ယောက်ရှိတယ်
အခုတော့ဆေးရုံမှာသူနာပြုတစ်ယောက်နဲ့ထားထားရတယ်။
လစဉ်ပုံမှန်ငွေပို့ခဲ့ပေမယ့်တစ်ခါတစ်ခါပို့ရတဲ့ငွေတွေက
နည်းတာမဟုတ်ဘူး..။