|37|

1.6K 169 19
                                    

Zawgyi 🌴

"Sir.. သူက လာပါ့မလား?

လက်အောက်ငယ်သားတစ်ယောက်၏အမေးတစ်ခု။ ဟင်းခနဲ
သက်ပြင်းချရင်းမရှိတဲ့မုတ်ဆိတ်မွှေးကိုသပ်ချနေသည်။
ဘေးဘီကိုကြည့်တော့လည်းရိပေါ်ရဲ့အကြည့်စူးစူးတို့က
သူ့ထံမှာ။

"မလာစရာအကြောင်းမရှိဘူး လာကိုလာမှာ.. "

"ဒီမှာ ခင်ဗျားတို့ထန်အာကိုမထိနဲ့ အခုလွှတ်ပေး"

ဖမ်းချုပ်ထားသည့်ကြားကနေအတင်းရုန်းကန်နေတဲ့သူ့ကို
ထိုလူကခပ်သော့သော့လေးရယ်ရင်းကြည့်ပါသည်။
ရှောင်းကျန့်ဆီကိုအကြောင်းကြားလွှာပို့ပြီးစာပြန်လာမသော်လည်း
သူကတော့လာမှာကျိန်းသေပင်။ဒါကိုလည်းသူသိတယ်။
ရှောင်းကျန့်ကသူ့ရဲ့တစ်ဦးတည်းသောညီမလေးကိုတော့
အဆုံးရှူံးခံမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား။

"တဆိတ်!! ဒီကောင်မလေးက လမ်းလျှောက်နိုင်လား"

ရိပေါ်ကိုခါးတစ်ဖက်ထောက်ကာမေးလေသည်။ထိုတော့
ထန်အာက ဝှီးချဲပေါ်ကနေအထိတ်တလန့် မျက်နှာလွှဲသွားပုံက
သူတို့ကိုတအားကြောက်လို့ထင်။

"ထန်အာက လမ်းလျှောက်လို့မရဘူး မတ်တပ်ပဲ ထရပ်လို့ရတယ်
အကယ်၍ကြိုးစားပြီးလမ်းလျှောက်ရင်တောင် ခြေလှမ်း
၃လှမ်းလောက်ရောက်ရင် ဗုန်းခနဲပစ်လဲတော့တာပဲ"

"အာ.. တော်!! တော်"

သူကရိပေါ်စကားကိုစိတ်ပျက်သလိုအကြည့်သလိုမျိုးနဲ့
စုတ်သပ်ရင်းဆို၍။

"ကောင်းပြီ၊ ဒါဖြင့်ထန်အာ!!!

ထန်အာကသူ့နာမည်ကိုခေါ်တာတော့နားလည်လို့ထင်။
ကြောက်နေသည့်ကြားကနေထိုလူ့အားမော့ကြည့်လေ၏။

"မတ်တပ်ထရပ်လိုက်ပါ့လား..!!!

ထန်အာကအောက်နှုတ်ခမ်းသားတွေကိုဖိကိုက်ပြီးခနစဉ်းစားနေဟန်
လုပ်ပြတယ်။ ရိပေါ် အထိတ်တလန့် ခုနထက်ပိုပြီး ရုန်းကန်လာတယ်။
ချန်ရိကတော့တအားရုန်းကန်နေလို့ခုနကတည်းကသတိလစ်အောင်
ဆော်ထည့်ထားတာအေးစက်နေတဲ့သံမံတလင်းပေါ်မှာ
ကွေးကွေးလေးပင်။

"ခွေးမသားတွေ ထန်အာကိုမထိနဲ့ ထန်အာ သူတို့ခိုင်းသလိုမလုပ်နဲ့
သူတို့က အန္တရာယ်!!

တန်ရာတန်ကြေး{Completed}Where stories live. Discover now