Zawgyi 🌴
ဆိုင်တစ်ခု၏ရှေ့မှာခြေစုံရပ်ရင်းဒါကရှောင်းကျန့်ပြောတဲ့
နေရာလားဆိုတာအတည်ပြုပြီးမှရိပေါ်ဆိုင်ထဲကိုဝင်ခဲ့တော့တယ်။
အသက်ရွယ်တစ်ခုရနေပြီပေမယ့်ရှောင်းကျန့်ကအခုထိ
ကလေးဆန်ဆန်Romanticဆန်နေသလည်းမသိတော့ဘူး။
သို့ပေမယ့် ဒါဟာလည်း သူမျှော်လင့်နေခဲ့တာ မဟုတ်လား။ဆိုင်ထဲကလူရှင်းနေတာမို့ရိပေါ်မှာသူ့အမျိုးသားကိုထွေထွေထူးထူး
မရှာလိုက်ရပေ..။ ဆိုင်ထဲမှာ ထီးထီးကြီးထိုင်နေတဲ့ အမျိုးသားက
သူ့ကိုလက်လှမ်းပြလာရဲ့။ ရိပေါ်သွက်လက်စွာ ထိုနေရာကို
ဦးတည်တော့ အမျိုးသားကအပြုံးဖွဖွနဲ့ကြိုသည်...။"ဆောရီး ၁၅မိနစ်လောက် နောက်ကျသွားတယ် "
"ရပါတယ် ကိစ္စမရှိဘူး "
ရိပေါ်မျက်စိကစားရင်းဆိုင်ပတ်ပတ်လည်ကိုဝေ့ကြည့်ပြီး
နှုတ်ခမ်းမဲ့သွားတယ်။ ရှန်ဟိုင်းက နာမည်ကြီးစားသောက်ဆိုင်သာ
ပြောတယ်..။ ဘာလို့လူတစ်ယောက်တောင်မရှိရတာလဲ။
ဒီမှာရှိနေတာက သူတို့နှစ်ယောက်ရယ် စာဖိုမှူးရယ် ဒါပဲရှိတာ။"ဘာလို့ ဘယ်သူမှမရှိတာလဲ.. "
မျက်နှာချင်းဆိုင်မှာဝင်ထိုင်ရင်းမေးတော့အမျိုးသားကခပ်ဖွဖွပြုံးကာ
"ဘာလို့လဲ ချိန်းတွေ့တာက ကိုယ်တို့လေ အဲ့ဒါ မင်းက
ဘယ်သူ့ကိုရှိနေစေချင်တာလဲ""ငါတို့နှဒ်ယောက်ထဲရှိတော့ ထူးဆန်းနေလို့လေ"
"အာ.. ဟုတ်တယ် ဘာလို့လည်းဆိုတော့ ကိုယ်က ဒီဆိုင်ကို
ဒီနေ့အတွက် ငှားထားတာကွ အဲ့ဒါ မင်းနဲ့ချိန်းတွေ့ချင်လို့လေ"ရှက်ရယ်ရယ်ပြီးပြောလာတဲ့အမျိုးသားကြောင့်ရိပေါ်ရင်ထဲ
သိမ့်ခနဲဖြစ်၍တလှပ်လှပ်နဲ့ရင်ခုန်လာရတယ်...။ အမျိုးသားက
ချစ်သူဘဝက အချိန်ကိုလွမ်းဆွတ်နေသည်ပဲ။"ဒီနေ့ချိန်းဆိုမှုအတွက် နာမည်ကြီးစားသောက်ဆိုင် ပြီးတော့
ဟန်နီက ပုဇွန်ကြိုက်တာမို့ တစ်မြို့လုံးမှာရှိတဲ့ စာဖိုမှူးတွေကို
ဆုငွေယွမ်ဒေါ်လာတစ်သန်းထုတ်ပြီးဟင်းချက်ပြိုင်ခိုင်းရသေးတာ
အခုရှိနေတာက သူတို့ထဲက အကောင်းဆုံးနဲ့လက်ယာအမြောက်ဆုံး
စာဖိုမှူးပေါ့.. "