Zawgyi 🌴
အခြေနေတွေပြောင်းကုန်တယ်။ထင်တဲ့အတိုင်းသူတို့အသက်
၁၈နှစ်ကျော်ပြီးတဲ့အချိန်မှာဝမ်ရိပေါ်ပါးပါးကအားလုံးသိသွားတယ်။
အစကတော့ဝမ်ရိပေါ်သူ့ပါးပါးစကားကိုနားထောင်ပြီး
အဆက်သွယ်ဖြတ်မယ်ထင်လိုက်တာ။ဒါပေမယ့် Luggageကြီးကိုဆွဲပြီး။ သူ့ဆီရောက်လာတဲ့
ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်ထပ်အံ့ဩရပြန်တယ်။
ဝမ်ရိပေါ်ကသူ့ပါးပါးကိုအရမ်းချစ်တာပါ။ ဒါပေမယ့်
ဘာလို့သူ့ကိုရွေးချယ်ခဲ့လဲဆိုတာကိုတော့သူ့အနေနဲ့
နားမလည်ဘူးဖြစ်နေတာ...။ဒီလိုဆိုတော့လည်းသူ့ဘက်ကလက်မခံနိုင်စရာမရှိပါဘူး
ဝမ်ရိပေါ်ကအစကတည်းကသူ့လက်နက်ပဲဟာကို။
နောက်ထပ် သိလိုက်ရတဲ့အကြောင်းရာကတော့ ရိပေါ်ပါးပါးမှာ
လူမသိသူမသိနှလုံးရောဂါရှိနေတယ်ဆိုတာပဲ။ ဒါကပိုတောင်
ကောင်းသေးတယ်။ တိုက်ခိုက်ဖို့ လွယ်ကူသွားပြီလေ။
အဲ့လူအိုကြီးရဲ့အားနည်းချက်ကဝမ်ရိပေါ်ဆိုတာသိနေခြင်းက
သူ့ရဲ့အားသာချက်တစ်ခုပဲဖြစ်တယ်။ရိပေါ်မသိအောင်ထိုလူကတိတ်တိတ်လေးသူနဲ့လာတွေ့သေးတယ်။
သဘောမတူနိုင်ဘူးဆိုတဲ့စကားတွေကိုအထပ်ထပ်ပြောခဲ့တာ။
ရိပေါ်က တစ်ဦးတည်းသောသားလေးမို့ ယောက်ျားယူတာ
ခွင့်မပြုနိုင်ပါဘူးတဲ့။အများကတော့အဲ့လိုထင်လိမ့်မယ်။ အမှန်တရားကိုသူပဲသိတာ။
ရိပေါ်ယူမယ့်သူကရန်သူ့ရဲ့သားဖြစ်နေလို့သဘောမတူနိုင်တာ
၅နှစ်ကလေးသွားမေးရင်တောင်သိတယ်..။ရိပေါ်အခုတလောအချိန်ပိုင်းလုပ်ဖို့သူ့ကိုနားပူနေတယ်။
ဒါပေမယ့် သူက ခွင့်မပြုပါဘူး။ ဝမ်ရိပေါ်ကို ယူထားတာက
ခိုင်းစားဖို့မှမဟုတ်ပဲလေ။ သူ့ပါးပါးကိုသတ်ဖို့အတွက်
အကောင်းဆုံးလက်နက်ဖြစ်နေလို့ပဲ..။အဲ့ဒီကောင်လေးသာ ဝမ်ရိပေါ်မဟုတ်ပဲ တစ်ခြားသူဖြစ်ကြည့်ပါ့လား
သူက ရှောင်းကျန့်အတွက် ဘာမှမဟုတ်ဘူး..။လက်ထပ်စာချုပ်ပေါ်ကိုလက်မှတ်ကိုယ်စီထိုးပြီးနောက်
သူဝမ်ရိပေါ် အပေါ်မှာ မုသားတွေပိုသုံးဖြစ်တယ်။ ဥပမာ
'ချစ်တယ်'ဆိုတာမျိုးပေါ့။