|0.9|

1.5K 179 20
                                    

Zawgyi 🌴

ဆေးရုံထဲကိုခြေချလိုက်သည်နှင့်ရိပေါ်နှာခေါင်းရှုံ့သွားရသည်..။
ဒီနေရာကိုမုန်းပါတယ်ဆို အခုဒီနေရာကိုမှဆိုက်မြိုက်စွာ
ရောက်လာပြန်ပြီ..။

မလာလို့လည်းမရ၊ ဟန်ကျောက်ဇီဆိုတာကလည်းပါးပါးရဲ့
အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်မဟုတ်လား..။
ထို့ကြောင့် ဟန်ကျောက်ဇီ Car Accident ဖြစ်တယ်ဆိုတဲ့
သတင်းကြောင့်ရိပေါ်လာရခြင်းပင်...။

ဒေါက်တာပြောချက်အရအသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးဆိုပေမယ့်
စိတ်ချရတဲ့အခြေနေမှာတော့မဟုတ်..။ ဆေးပိုက်တွေ
ရှုပ်ယှက်ခတ်နေတဲ့ထိုလူကြီးကိုရိပေါ်ကြည့်ပြီးခေါင်းခါလေသည်။
ဆေးရုံမှာဟန်ကျောက်ဇီကိုလာကြည့်တာကသူတစ်ယောက်ထဲတော့
မဟုတ်..။ ကျန်တဲ့၃ယောက်ပါ ရှိနေသေးတယ်..။

ရိပေါ်စိတ်နဲ့ပြောရရင် ဒီနေရာကိုလာချင်တာမဟုတ်ဘူး။

"ငါ့အထင် ဒီကိစ္စက ရိုးရိုးသားသားအဖြစ်နိုင်ဘူး!!

၃ယောက်အစည်းဝေးထိုင်ရင်းမှရိပေါ်အမှတ်တမဲ့ကြားမိခြင်း

"ဘာလို့လည်းဆိုတော့ မင်းတို့ပဲစဉ်းစားကြည့် အဲ့လူအိုကြီးက
မသွားခင်မှာကားကိုတော့စစ်ဆေးမှာသေချာတယ်"

"ဒါဖြင့် ဆိုလိုချင်တာက လုပ်ကြံခံရတာလား??

ရိပေါ်ဝင်ပြောတော့အားလုံးကခေါင်းတငြိမ့်ငြိမ့်

"ဟုတ်တယ် လုပ်ကြံခံရတာ.. "

"ခင်ဗျားက သေချာလိုက်တာ ဘယ်လိုသိတာလဲ.."

"ငါ သူ့ကားကိုစစ်ဆေးကြည့်တော့ ကားဘရိတ်ကြိုး
ဖြတ်ခံထားရတာကို တွေ့ရတယ် လုပ်ကြံခံရတာဆိုရင်တောင်
ဒါအတွင်းလူလည်း ပါလောက်တယ်.. "

"ဒါလည်းဖြစ်နိုင်ပါတယ် အဲ့လူအိုကြီးက ဒီလောက်ထိ
လူမုန်းများနေတာကို"

ရိပေါ်စကားအဆုံးအားလုံးရဲ့မျက်စောင်းတွေကစုပြုံလာသည်။
သဘောက စိတ်ပျက်နေတဲ့ပုံစံမျိုး..။

"လူမုန်းများတာကဟုတ်ပါပြီ ...

ပြောရင်းကျန်းရှဖုန်းဆိုတဲ့လူအိုကြီးကသူ့ကိုသံသယမကင်းတဲ့
မျက်လုံးနဲ့လာကြည့်နေတာမို့ရိပေါ်ဟက်ခနဲရယ်ချပလိုက်တယ်..။

တန်ရာတန်ကြေး{Completed}Donde viven las historias. Descúbrelo ahora