|0.2|

3.3K 260 10
                                    

Zawgyi 🌴

တန်ရာတန်ကြေး|အခန်း၂|

"ဘယ်လိုလည်း ငါနဲ့လိုက်ဖက်တယ်မဟုတ်လား!!

လည်တိုင်ကျော့ကျော့လေးပေါ်ကပြောင်လက်လက်
ဆွဲကြိုးလေးကိုပြလာသည့်ကောင်မလေးတစ်ယောက်။

"အင်း လိုက်ဖက်တယ် မဆိုးဘူး ဘယ်ရတနာဆိုင်ကလဲ
လစာထုတ်ရင် သွားဝယ်ချင်လို့"

ဘေးနားမှာဝိုင်းနေတဲ့ကောင်မလေးချောချောတွေကလည်း
ဝိုင်းထောက်ခံကြတယ်..။ ပြောင်လက်လက်နဲ့ သေးသေးမျှင်မျှင်
ဆွဲကြိုလေးကသူမရဲ့ဖြူဝင်းတဲ့အသားရေပေါ်မှာထင်ဟက်နေသယောင်။

"ဟဲ့ လူစုခွဲကြ မယက၊ လာပြီ!!

ထိုအနားကိုပြေးလာတဲ့မိန်းမလှလေးတစ်ယောက်၏ပြောသံအဆုံး
လူစုကွဲသွားသည်..။ သို့သော် သူမကတော့ နားမလည်ဟန်
ယောင်လည်လည်ဖြစ်နေသေးတယ်။

မယကဆိုတာ ဘာတုန်း?

"စီနီယာ မယကဆိုတာ ဘာအဓိပ္ပာယ်လဲ"

ထိုအခါစီနီယာမမကတုံးလိုက်တာဆိုတဲ့သဘောနဲ့မျက်စောင်းတစ်ချက်
ပစ်ပေးတယ်။ သူမလည်းသွားအကုံးလိုက်ပေါ်လွင်အောင်
ဟီးခနဲရယ်ပြရင်း

"စီနီယာကလည်း မသိလို့မေးတဲ့ဟာကို!!

"မသိရင်မှတ်ထား မယကဆိုတာ၊ မယားကြောက်ကိုပြောတာ
ငါတို့CEOလေ!!

"CEOတဲ့လား ဒါပေမယ့်သူယူထားတာ ယောက်ျားလေ'

"နင်ဟာလေတော်တော်ပိန်းတာပဲ ပါးစပ်ပိတ်ပြီး ကိုယ်ကိုမတ်ထား
သူလာနေပြီ"

ဖျတ်ခနဲကြည့်လိုက်တော့ကားပေါ်ကနေဆင်းလာတဲ့
အမျိုးသားတစ်ယောက်..။ အရပ်ကခြောက်ပေကျော်လောက်
ရှိမည်ထင်၏။ ဘေးနားမှာလာရပ်တဲ့ အမျိုးသားတစ်ယောက်ကြောင့်
အားလုံးခေါင်းကိုငုံ့လျက်အသက်ပင်ဝဝမရှူရဲကြပေ။

အကြောင်းကတော့CEOရဲ့အမျိုးသားဝမ်ရိပေါ်ကစည်းကမ်း
တင်းကြပ်တဲ့အပြင်အလုပ်ကိစ္စနဲ့ပတ်သတ်ပြီးအမှားယွင်းခံသူမဟုတ်..။

ဝန်ထမ်းတွေကိုရိပေါ်တစ်ချက်ကြည့်လိုက်ပြီးမျက်ခုံးပင့်မိတယ်။
ကုမ္ပဏီကိုသူတို့အုပ်ချုပ်နေတာ၅နှစ်လောက်ရှိပြီအခုထိ
စိတ်တိုင်းကျတဲ့သူတစ်ယောက်မှမရှိသေးဘူး။ သည်ကြားထဲ
အချိန်မလေးစားတော့ ပိုဆိုးတာပေါ့..။

တန်ရာတန်ကြေး{Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ