|19|

1.8K 171 22
                                    

Zawgyi 🌴

"မင်းတို့ကို မေးစရာရှိတယ်"

ထိုလူနှစ်ယောက်ကရိပေါ်ရှေ့မှာကိုယ်ကိုညွှတ်ထား၍
ခေါင်းပင်မမော့ရဲကြပါ..။ ဘာမေးမလဲဆိုတာမသိပေမယ့်
ဒါက ကောင်သောမေးခြင်းမဟုတ်တာကို ရိပေါ်အသံထဲမှတဆင့်
ခံစားမိတာကြောင့်ပင်။

"ပါးပါးက နှလုံးရောဂါနဲ့ ဆုံးသွားတာဆို!!

သူ့မေးခွန်းကြောင့်နှစ်ယောက်သားတစ်ယောက်မျက်နှာ
တစ်ယောက်မအီမလည်ကြည့်မိကြလေသည်...။

"ဟုတ်သလား??

ဒီလိုဆိုတော့လည်းနှစ်ယောက်လုံးခေါင်းကိုခပ်သွက်သွက်လေး
ညိမ့်ပြကာ

"ဟုတ်... ဟုတ်ပါတယ် သခင်လေး"

ရိပေါ်ဆိုတာဟာလည်းစိတ်ရှည်တဲ့ထဲမှာမပါ။ ထို့ကြောင့်
ဘာအကြောင်းပြချက်နဲ့မှတုံ့ဆိုင်းမနေပဲအမှန်တိုင်းပြောလိုက်ရခြင်း။

"ကျစ်၊ ဒါဆို ဘာလို့ငါ့ကို မပြောကြရတာလဲ"

"အဲ့.. အဲ့ဒါက သခင်လေးမမေးခဲ့ဘူးလေ"

ရိပေါ်မျက်ခုံးနှစ်ဖက်ထိုလူ့စကားကြောင့်ပင့်တက်ရပြန်။
ဟုတ်တယ်။ ဒီနှစ်တွေမှာ ပါးပါးဘာလို့ဆုံးရသလဲဆိုတာ
သူ့အနေနဲ့ မေးဖူးတာမဟုတ်။ ဒါဟာလည်း ရိုးရိုး သေဆုံးတယ်
ထင်မိတာကိုး။

"ထားပါတော့ ပါးပါးဘာရောဂါနဲ့ဆုံးသွားသလဲဆိုတာ
သူ့သားဖြစ်တဲ့ငါတောင် မသိရတဲ့အတွက် စိတ်တိုမိတာအမှန်ပဲ.. "

ရိပေါ်ခုံပေါ်မှာကျောမှီရင်းအေးဆေးတည်ငြိမ်စွာပြောနေပေမယ့်
တစ်ကယ်တမ်းမအေးဆေးနိုင်။ အခုက ရှောင်းကျန့်မီတင်မှာမို့
ရှောင်းကျန့်ရုံးခန်းမှာထိုင်စောင့်နေခြင်း။

ရွှေရောင်ဖောင်တိန်လေးကိုဆော့ကစားရင်းထပ်မံ၍
သူ့လူနှစ်ယောက်အားကြည့်ကာ

"ငါမင်းတို့ကို ဘယ်လိုအပြစ်ပေးသင့်လဲ???

သူ့စကားစုကြောင့်ထိုလူနှစ်ယောက်ကတုံ့ဆိုင်းခြင်းမရှိ
ဒူးထောပ်ချကာခေါင်းငုံ့တောင်းပန်လာသည်မို့ရိပေါ်နှုတ်ခမ်းတွေ
ကွေးတက်လို့။

တန်ရာတန်ကြေး{Completed}Donde viven las historias. Descúbrelo ahora