Zawgyi 🌴
Xiao Zhan Pov
မိုးတွေဒလဟောရွာနေတဲ့ကြားကသူ့မှာအပြေးအလွှား
သွားရတာမမောနိုင်..။ သူ့ဘဝကလည်း မနေ့ကမှ ရွှေဘုံစံ
မင်းသားလေး ဒီနေ့ကျပြန်တော့ အိမ်ယာတောင်မရှိတော့တဲ့
ကောင်တစ်ယောက်သာသာ။Taxiလည်းငှားမနေတော့ပါဘူးထန်အာအတွက်ဆေးရုံစရိတ်
လျော့သွားလိမ့်မယ်။ ၁၅နှစ်ကျော်ကျော်ဆိုတဲ့ အသက်ရွယ်လေးမှာ
သူကကျောင်းတစ်ဖက်နဲ့ထန်အာအတွက်ဆေးရုံစရိတ်ကို
ကျားကုတ်ကျားကဲရှာဖွေရတော့တယ်။ အမှန်ဆို ကျောင်းတောင်
ဆက်တက်ချင်တော့တာမဟုတ်ဘူး။ မားက'သားပညာတက်ကြီး
ဖြစ်အောင်ကြိုးစားရမယ်'ဆိုတဲ့စကားကြောင့်သာဆက်တက်နေရတာ။နေ့နေ့ညညပိုက်ဆံရဲ့သားလေးတွေသူ့အိတ်ထဲဘယ်လိုပုံစံနဲ့များ
ပြေးဆင်းလာလိမ့်မလည်းလို့အမြဲတွေးတောရတယ်။
ထိုဖြစ်ရပ်ကြောင့် သူရုတ်တရက် ပိုက်ဆံမက်သွားရတယ်။ဖိနပ်တောင်မပါ။ ဆေးရုံနဲ့အချိန်ပိုင်းအလုပ်က သိပ်မဝေးတာမို့
မိုးကာမင်္ကျီကိုဝတ်ရင်းပြေးလာလိုက်တော့သည်။ဆေးရုံထဲဝင်တော့သူ့ကိုမှတ်မိတဲ့ဒေါက်တာတစ်ယောက်က
ပြုံးပြတယ်...။"ဒေါက်တာ ကျွန်တော်အခု ဆေးရုံစရိတ် တစ်ဝက်လောက်
အရင်ပေးလို့ရမလားဟင် ဟို.. ကျန်တဲ့ငွေကို ရအောင်
ရှာမှာပါ အဲ့အတွက် မပူပါနဲ့ ကျေးဇူးပြုပြီး ကျွန်တော်ညီမလေးကို
ကုပေးပါ ဒေါက်တာရယ်.. "သူ့ကိုကြည့်ပြီးဒေါက်တာကသက်ပြင်းသဲ့သဲ့ချတယ်။
နောက်၊ ဂရုဏာသတ်တဲ့အကြည့်နဲ့ ပြန်ကြည့်ပြီး"ရတယ် သား.. အဲ့လိုလုပ်ချင်လား???
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ.. "
အရှက်မရှိကျမိတဲ့မျက်ရည်တွေကိုဖိသုတ်လိုက်ရင်းပိုက်ဆံတစ်ဝက်ကို
သွားသွင်းလိုက်တယ်...။ နောက်၊ ဒေါက်တာနဲ့အတူ ထန်အာရှိတဲ့
ဆေးရုံခန်းထဲကိုရောက်လာခဲ့တော့တယ်။"ညီမလေး အခြေနေ ဘယ်လိုရှိလဲ ဒေါက်တာ.. "
ဒေါက်တာက သူ့ကိုကြည့်ပြီး သက်ပြင်းဖွဖွချတယ်။