Zawgyi 🎼
🎶She said ,Where ,d you wanna go? How much you
wanna risk 🎶🎶I'm not looking for somebody superhuman gifts 🎶
🎶Some Superhero 🎶
🎶Some fairytale bliss 🎶
🎶Something I Can turn to 🎶
🎶Somebody I Can Kiss🎶
🎶I Want Something just like this 🎶
မနီးမဝေးမှာကြားလိုက်ရသည့်သီချင်းသံကြောင့်အိပ်ယာပေါ်မှာ
လူးလွန့်၍မျက်လုံးဖွင့်ရတယ်။ ဘေးကို စမ်းကြည့်တော့
ရှောင်းကျန့်ကမရှိတာကြောင့်မျက်မှောင်ကကျုံ့လျက်သားသီချင်းသံကလသာဆောင်ဘက်ကလာတာမို့ခပ်မြန်မြန်ပဲ
ဖြေးလေးသောခြေလှမ်းတွေနဲ့ထိုနေရာကိုဦးတည်ရတယ်။
ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်တော့ညဝတ်ပါးပါးလေးနဲ့
Boxerတစ်ထည်တည်းရှိတာ..။လသာဆောင်ပေါ်ရောက်တော့သူ့ကိုကျောပေးထားတဲ့
ကျောပြင်ကျယ်ကြောင့်လှစ်ခနဲပြုံးသည်။ ထို့နောက်
ခပ်မြန်မြန်ပြေးပြီး အနောက်ကနေ သိုင်းဖက်လိုက်တယ်။
ခန္ဓာလေးကဆတ်ခနဲတုန်သွားတာမို့ဟီးခနဲရယ်ရင်း"ဘယ်ဆိုးလို့လဲ အသံကောင်းသားပဲ"
ဒီတော့မှထိုလူသားကလက်ထဲကဂစ်တာကိုချပြီးသူနဲ့
မျက်နှာချင်းဆိုင်တယ်။"နိုးတာကြာပြီလား?
"ဟင့်အင်း.. အခုမှနိုးတာ"
"ဆောရီး ကိုယ့်ကြောင့် မင်းအိပ်ရေးပျက်သွားရပြီ"
"မဟုတ်တာ အိပ်ရေးမပျက်ပါဘူး.. "
ခြေဖျားလေးကိုထောက်ပြီးရှောင်းကျန့်ပါးပြင်ပေါ်မှာအနမ်းတွေ
ခြေဆန့်ပစ်တယ်။ ပြီးတာနဲ့ ရင်ခွင်ထဲပစ်ဝင်ရင်း ရင်ဘက်လေးကို
ထိတွေ့ပွတ်သပ်ကျီစယ်နေလိုက်တယ်။အသက်ရှူသံခပ်ပြင်းပြင်းတို့ကရိပေါ်ရဲ့အထိတွေ့တွေကြားမှာ
ပိုမြန်လာတယ်။ သူခံစားမိပေမယ့် နောက်မဆုပ်မိ။"ငါသိချင်တာရှိတယ်"
"ဘာများလဲ?
မျက်နှာချင်းဆိုင်အနေထားနဲ့သူကရှောင်းကျန့်မျက်ဝန်းတွေကို
ခဏအကြာစိုက်ကြည့်နေလိုက်တယ်။