|36|

1.5K 149 11
                                    

Zawgyi 🌴

ဒီကိစ္စကထင်ထားခဲ့သလိုပဲမလွယ်ကူခဲ့။သည်ကြားထဲ
ရဲမှူးရဲ့အမြတ်ဒေါသကိုကြားကနေရရှိလိုက်သေးတယ်။
ဒါပေမဲ့ နောက်ဆုံးတော့လည်း လက်ခံရတာပဲ။

"ရှောင်းကျန့်!! ထွက်ခဲ့တော့"

မကြာခင်မှာပဲသူကထိုစကားကြောင့်မျက်နှာလေးပြုံးယောင်သမ်းလာတယ်။ဟန်နီနဲ့ ပြန်တွေ့ရတော့မယ်လေ..။
ဒီ့အနေနဲ့ သူပျော်တယ်။ ချန်ရိနဲ့ အပြင်ထွက်လာပြီး
ကားပေါ်ရောက်တော့လည်းလက်ထိပ်ကြီးတကားကားနဲ့။
ကြည့်ရတာ ချန်ရိကသူ့ကိုမယုံကြည်လို့ထင်။ သဘောတကျ
တစ်ချက်ရယ်လိုက်တယ်။

ခပ်နွမ်းနွမ်းဂျာကင်နဲ့အတူသူ့ပုံစံဟာလည်းတစ်ကယ့်ကို
ဂိုဏ်းစတားကြီးတစ်ယောက်လိုပဲ။ ဒီပုံစံကို ရိပေါ်သာ
ရုတ်တရက်မြင်ရင်သူ့ကိုမှတ်မိပါ့မလားလို့လည်းတွေးလိုက်မိသေးတယ်။
ထားပါ ဒါက အရေးမကြီးပါဘူး အဓိက ဟန်နီကို အပိုင်ရဖို့။
ဘယ်လိုအပိုင်သိမ်းရမယ်ဆိုတဲ့အတွေးတွေသူ့ခေါင်းထဲမှာ
အစီစီအရီရီပဲ။

"ငါတို့ Mallတစ်ခုကို အရင်ဝင်သင့်တယ်မထင်ဘူးလား?

ချန်ရိကနားမလည်စွာဘေးကသူ့ကိုလှည့်ကြည့်တော့
သူကကိုယ့် ကိုယ်သင်းရနံ့ကို ရှူရှိုက်ရင်း မျက်နှာမဲ့ကျသွားတယ်။
ပြီးတာနဲ့သူ့ကိုသွားအကုံးလိုက်ပေါ်အောင်ရယ်ပြလာရင်း

"ဟီး.. ဒီပုံစံနဲ့ ငါ့အချစ်ကလေးကို သွားတွေ့စေချင်တာလား?

"ဘာ?

"ငါအဝတ်စား ဝင်ဝယ်မလို့ မင်းငါ့ကို ပိုက်ဆံနဲနဲချေးစမ်းပါ"

ငွေရေးကြေးရေးကတော့ချန်ရိအတွက်သိပ်မပူပင်ရပါဘူး။
ဒါကလည်းအရေးကြီးတဲ့ထဲမပါဘူး။သူငယ်ချင်းဖြစ်ပါစေဦး
သူကတော့တာဝန်အရရှောင်းကျန့်ကိုစောင့်ကြည့်ပြီး
သံသယများနေရဦးမှာပဲ...။

ရှောင်းကျန့်ပုံစံကိုဖျတ်ခနဲကြည့်လိုက်တယ်။သံသယဖြစ်စရာ
အခြေနေတော့မရှိဘူး။ သူ့ကိုကြည့်တော့ ရှောင်းကျန့်က
ဟီးခနဲရယ်ပြပြန်တယ်။သူခေါင်းတစ်ချက်ရမ်းရင်း နီးစပ်ရာ
Mallတစ်ခုကိုခပ်မြန်မြန်မောင်းရတော့တယ်..။

တန်ရာတန်ကြေး{Completed}Where stories live. Discover now