Zawgyi 🌴
"ဒါက သခင်လေးရှာခိုင်းတဲ့အချက်လက်တွေပါ"
ရှေ့ချပေးလာတဲ့ဖိုင်ထူထူကိုရိပေါ်ကြည့်ရင်းမျက်ခုံးပင့်သွားတယ်..။
ထို့နောက် သွက်လက်စွာ ဖိုင်ထဲက သိချင်တဲ့တစ်ချို့
အကြောင်းရာတွေကိုရှာဖွေတယ်။"သူက မွေးစားမိဘတွေနဲ့နေတာလား.. "
"ဟုတ်ပါတယ် ဒါပေမယ့် အခုသူတစ်ယောက်ထဲဖြစ်သွားပါပြီ"
"ဘာလို့??
"သူ့မွေးစားမိဘတွေကရှေ့ဆင့်နောက်ဆင့်ဆုံးသွားလို့ပါ"
ရိပေါ်ခင်ဗျာအော်လို့ပြောရုံကလွဲရင်ဘာသံမှာထပ်ထွက်မလာတော့
အကြည့်တွေကတစ်နေရာအရောက်မှာထပ်မံပြီးမျက်ခုံးတွေ
ပင့်တက်လာခဲ့သည်။"သူက နှလုံးရောဂါ တစ်ကယ်ကြီးရှိတာတဲ့လား??
သက်ပြင်းချသံသဲ့သဲ့နဲ့အတူစိတ်ပျက်ဖွယ်ရာရိပေါ်အသံထဲမှာ
စိတ်ညစ်မှုတွေအထင်းသားပင်။"ဟုတ်ကဲ့ သူက မွေးရာပါနှလုံးအားနည်းတဲ့အပြင် တအား
ချူချာတာလို့လည်း သိခဲ့ရပါသေးတယ် သေချာပေါက်
သခင်လေးအမျိုးသားကသူ့ကိုရောဂါကြောင့်ဂရုစိုက်ပေးနေတာပါ"ရိပေါ်တွေးရင်းကျိုးချန်ရိကိုသေသွားရင်အေးမှာပဲလို့တွေးသည်အထိ
ရှယ်ချဉ်နေတာတော့တားလို့ပင်မရ..။ ဘယ်လိုလုပ်ရမလဲ
ရှောင်းကျန့်အနားကနေသူ့ကိုပထုတ်တာကအရင်လူတွေလောက်တော့
လွယ်မှာမဟုတ်ဘူး။ ဒါမှမဟုတ် ငါကိုယ်တိုင် ရောဂါတစ်ခုခုရနေတယ်လို့
လိမ်ပြောလိုက်ရမလား??"သခင်လေးစိတ်ညစ်ခံမနေပါနဲ့ သခင်လေးထင်သလို
Mr:Xiaoက အဲ့လိုလုပ်မှာမဟုတ်ပါဘူး ကျွန်တော်တို့လည်း
အခြေနေကို အနီးကပ်စောင့်ကြည့်နေပါတယ်""အင်း.. ငါသိပြီ မင်းတို့သွားကြတော့"
သူ့စကားစုအဆုံးနှစ်ယောက်လုံးအရိုသေပေးပြီးထွက်သွားကြတယ်..။
ရှောင်းကျန့်နားကပ်လာသူမှန်သမျှကိုပထုတ်ခဲ့ပေမယ့်
ဒီတစ်ခါတော့လွယ်မှာမဟုတ်..။ပျင်းရိစွာမျက်နှာကျက်အားငေးကြည့်ရင်းလေပူတွေကို
ထုတ်လိုက်တယ်..။