|43|

1.5K 137 12
                                    

Zawgyi 🌴

Phone Screen ပေါ်ကို တစ်ချက်ကြည့်လိုက်တော့
ဟန်ကျားရီရဲ့Phone Number က အထင်းသားမို့
သက်ပြင်းလေးခပ်တိုးတိုးချကာကိုင်လိုက်ရသည်။ မကြာသေးခင်ကမှ
ရှောင်းကျန့်ဆီမှာရှိတဲ့သူ့ဖုန်းက သူ့လက်ထဲကိုပြန်ပြီး
ရောက်လာခဲ့တာပင်။ ဟန်ကျားရီနဲ့ အရင်လိုခိုးပြီးဆက်သွယ်၍
ရှောင်းကျန့်စိတ်ကိုမဆွချင်တာကြောင့်မနည်းခွင့်တောင်းလိုက်ရလေသည်။
ဒီတော့လည်းသူ့ဘက်ကထွေထွေထူးထူးတားလာခြင်းမရှိ။
ထို့ကြောင့် စိတ်အေးအေးနဲ့ ဖုန်းပြောဆိုနိုင်ခြင်း။

"ဟယ်လို!!!

တစ်ဖက်က တော်တော်လေး စိတ်လှုပ်ရှားသွားတဲ့အသံနှင့်။

"ရိ... ရိပေါ်လားဟင်"

"အင်း ဟုတ်တယ်!!

"ကိုယ်တို့မဆက်သွယ်တာကြာတော့မင်းကိုသတိရနေတာ"

"အာ.. ကျွန်တော်တို့ အဆက်သွယ်မရတာ ရက်ပိုင်းပဲ
ရှိသေးတာကို"

"ဘာပဲဖြစ်ဖြစ် ဟိုနေ့တုန်းက ကိုယ်တစ်ကယ်လန့်သွားတာ
သူ့အသံနားထောင်ရတာ တအားလည်းစိတ်တိုနေတော့
မင်းကိုများရိုက်သေးလားလို့"

ရှောင်းကျန့်လားရိုက်မှာ။ဒါပေမယ့်စိတ်ကြွဆေးတော့
သောက်လိုက်ရလေသည်။ တစ်ခါတည်းပဲဝမ်ရိပေါ်
လက်ဖျားခါသွားတာမို့နောက်ဆိုရှောင်းကျန့်မကြိုက်တာ
မလုပ်မိလေအောင်ကြိုးစားလိုက်မိတယ်..။

"သူကျွန်တော်ကို မရိုက်ခဲ့ပါဘူး"

ထိုမှ တစ်ဖက်ကနေ ဟူးခနဲ လေပူတစ်ချက်မှုတ်ထုတ်သံကို
ကြားလိုက်ရတယ်။ ကြည့်ရတာ စိတ်အေးသွားသည်ထင်။

"တော်သေးတာပေါ့ ကိုယ်စိတ်ပူနေတာ အဲ့နေ့တုန်းက
သူအရမ်းစိတ်တိုနေခဲ့တာမဟုတ်လား မတော်လို့ မင်းကို
တစ်ခုခုလုပ်ရင်ဆိုတဲ့အတွေးကြောင့် အိပ်တောင်မပျော်ဘူး"

ရယ်သံစွတ်ကာပြောလာတာမို့ရိပေါ်လည်းလေပူတစ်ချက်
မှုတ်ထုတ်လိုက်ရတယ်။

"ဟန်ကျားရီ!!!!

"အင်း ရိပေါ်"

"ကျွန်တော်တို့ရှိတဲ့ နေရာကိုသတင်းပေးလိုက်တာ
ခင်ဗျားမဟုတ်လား?

တန်ရာတန်ကြေး{Completed}Where stories live. Discover now