|29|

1.7K 193 24
                                    

Zawgyi 🌴

"ဘာဖြစ်လာတာလဲ??

အခန်းထဲဝင်ဝင်ချင်းမေးလာသည်မို့ရိပေါ်ကိုပေးဖို့အဖြေကို
အမြန်စဉ်းစားရတယ်..။

"ရန်ဖြစ်လာတာ မဟုတ်လား ဟန်ကျားရီနဲ့"

တန်းသိနေတာမို့မျက်လုံးတွေပင့်ကြည့်ရင်းရှေ့မှာရှိတဲ့
ရိပေါ်ကိုကျော်တက်လာလိုက်တယ်။

"ဘယ်လိုသိတာလဲ?

"အခုပဲ ဖုန်းလာတယ် သူမင်းနဲ့ရန်ဖြစ်လို့ ဆေးရုံရောက်နေတယ်တဲ့
အဲ့ဒါ ငါတောင်အခုသူ့ကိုသတင်းသွားမေးမလို့"

ရိပေါ်စကားစုကြောင့်လက်ကောက်ဝတ်ကနာရီကိုငုံ့ကြည့်တော့
ည8:45မိနစ်လောက်ရှိနေပြီ..။

"မစောတော့ဘူး မနက်မှသွား အခုတော့အိပ်လိုက်!!

"ဒါပေမယ့် သူက ငါ့မိတ်ဆွေပဲဟာ သူတစ်ခုခုဖြစ်တော့
ငါဘယ်လိုလုပ်မျက်နှာလွှဲနိုင်မှာလဲ"

နှုတ်ခမ်းတစ်ဖက်မဲ့ကျသွားတယ်။ သူကသာ အဲ့လူကို
မိတ်ဆွေလိုသဘောထားနေတာအဲ့လူကသူ့ကိုကြံချင်နေတာ
မသိဘူးလား။

"ငါ့နားလာခဲ့ဦး... "

ပြောပြီးအိပ်ယာပေါ်သွားထိုင်ကာစောင့်နေလိုက်တော့တယ်။
မကြာပါဘူးဝမ်ရိပေါ်သူ့ကိုအလျှော့ပေးတဲ့ပုံစံမျိုးနဲ့သက်ပြင်းတစ်ချက်ချလို့
သူရှိရာကိုဖြည်းဖြည်းချင်းလျှောက်လာတာတွေ့လိုက်တယ်။

"ဘာလဲ ပြောစရာရှိလို့လား?

အမျိုးသားငယ်ကသူ့ကိုမျက်ခုံးပင့်ရင်းခပ်တည်တည်မေးတာမို့
ဟက်ခနဲရယ်ချစ်ပစ်လိုက်တယ်..။ ဒီတလော နှစ်ယောက်အဆင်မပြေတာမို့
သီးသန့်နေကြတာအတော်ကြာပြီ..။

ထို့နောက် သူက သွေးထွက်နေစဲဖြစ်တဲ့ လက်ကိုထောင်ပြပြီး

"ငါဒဏ်ရာရထားတယ်!!

"ဟန်ကျားရီ က မင်းထက်တောင်များသေးတယ် မင်းသူ့ကို
ဘာနဲ့ ရိုက်လိုက်လို့ ခြေထောက်ကျိုးတဲ့အထိတောင်
ဖြစ်သွားရတာလဲ ငါမတွေးတတ်ဘူး.. "

အမျိုးသားစကားဆုံးတော့သူလည်းဘယ်သိမလဲဆိုတဲ့
ပုံစံနဲ့ပုခုံးပင့်ပြလေတယ်။ ဘာပဲဖြစ်ဖြစ် ဒီညတော့။ ဝမ်ရိပေါ်
အပြင်မထွက်ဖို့ နည်းမျိုးစုံနဲ့ တားရမှာပဲ။

တန်ရာတန်ကြေး{Completed}Where stories live. Discover now