Zawgyi 🌴
"ဗျာ.. သေချာရဲ့လား ဒေါက်တာ.. "
"ဟုတ်ကဲ့ သေချာပါတယ်ခင်ဗျာ.. "
ရိပေါ်ဒေါက်တာစကားကြောင့်ရယ်ရခက်၊ငိုရခက်ဖြစ်သွားရသည်။
ကိုယ်တိုင်တောင်သတိမထားမိပါပဲအပြုံးရေးရေးလေးက
နှုတ်ခမ်းထက်မှာတွဲခိုနေ၏..။နောက်၊ ဗိုက်လေးကိုလက်နဲ့ထိကိုင်ကြည့်ရင်းထပ်မံ၍
ပြုံးရပါသည်..။ကလေးတဲ့လား..။ ဒါက တစ်ခါမှအိပ်မက်တောင် မမက်ဖူးခဲ့သည့်အရာ။
ယောက်ျားနှစ်ယောက်က၊ ကလေးယူလို့မရဘူးလို့ယုံကြည်ထားပေမယ့်
ရုတ်တရက်ကြီး ကလေးရှိလာသည်တဲ့..။ဒီကိစ္စနဲ့ပတ်သတ်ပြီးသူ့အနေနဲ့အပြည့်ဝမပျော်သော်ငြား
လက်ခံနိုင်ရမည်..။ ရှောင်းကျန့်ကိုလည်း ရအောင် ပြောရမည်။ဒါပေမယ့် ဘယ်လိုပြောရမလဲ?? သူ့ဘက်က လက်မခံရင်ရော?
ရိပေါ်ဒီမနက်ဟန်ကျားရီနဲ့တွေ့ဖို့ထွက်လာရင်းကခနခန
အန်ချင်သလိုဖြစ်နေတာမို့ဆေးရုံကိုလာပြရင်းမှဤသို့သိရှိရခြင်း။လမ်းတစ်လျှောက်နှုတ်ခမ်းကိုစိတ်လိုလက်ရကွေးလို့
ပြုံးပါတယ်..။ လက်တလော ကိစ္စတွေကြောင့် မပြုံးဖြစ်တာ
ဘယ်လောက်ကြာပြီလည်းမမှတ်မိတော့ဘူး..။နှစ်ပတ်မျှသာရှိနေသေးတဲ့ဗိုက်လေးကိုပွတ်၍သူ့မှာအရူးတစ်ယောက်လို။ မနီးမဝေးကနေသူရှိရာကိုပြေးလာတဲ့ဟန်ကျားရီကိုမြင်ရသည်။
ထို့ကြောင့် သူ့မှာယောင်လည်လည်လေး ရပ်နေပြီး ဟန်ကျားရီကို
စောင့်နေလိုက်တယ်။ချွေးတလုံးလုံးနဲ့သူ့နားရောက်မှအမောဖြေသည့်ဟန်ကျားရီက
ချောမောတဲ့ယောက်ျားတစ်ယောက်ဆိုတာတော့သူ့အနေနဲ့
လက်ခံပါတယ်။"ဘာလို့ ဒီလောက်တောင် ပြေးလာနေတာလဲ?
"ဆောရီး ကိုယ်လောသွားတာ... ဒါနဲ့ ဆေးရုံကိုဘာလို့
ရောက်လာတာလဲ မင်းတစ်ခုခုဖြစ်လို့လား???ဟန်ကျားရီ၏အထိတ်တလန့်အမေးတစ်ခု။ သူခေါင်းလေးရမ်းပြီး
တုန့်ပြန်လိုက်မိရဲ့..။ သူ့ကိုကြည့်ပြီးသွေးပျက်ဖွယ်ရှိတဲ့
ဟန်ကျားရီကသူ့အဖြေကြောင့်အနည်းငယ်စိတ်ချသွားသည်ထင်ရဲ့။