|40|🌚

2.4K 170 11
                                    

Zawgyi 🌴

ရိပေါ်ကနူးနူးညံ့ညံ့အချစ်ဇာတ်လမ်းတွေကြိုက်ပေမယ့်ရှောင်းကျန့်ကတော့
အက်ရှင်ဇာတ်လမ်းတွေကိုကြိုက်ပုံရတယ်။ ဒါပေမယ့်
ဒါက ရိပေါ်အတွက်အဓိကပြဿနာမဟုတ်သေးဘူး
ပြဿနာက သူ့ပုခုံးပေါ်မှာ ခေါင်းစောင်းကာအမှီပြု၍
မျက်လုံးတွေမှိတ်ထားတဲ့ရှောင်းကျန့်ကြောင့်။ ရုပ်ရှင်လာကြည့်တာလား
အိပ်ဖို့ရာ ခုန်လာဦးတာလားဆိုတာ မတွေးတတ်တော့ဘူး။
လက်တွေကလည်းအငြိမ်မနေသူ့လက်ဖြူသွယ်သွယ်လေးတွေကို
ပွတ်သပ်ကစားနေသေးတာ..။သူ့အကြောင်းဘာမှ
စိတ်ဝင်စားခြင်းမရှိတဲ့အမျိုးသားက ဒီတစ်ခါလည်း
သူ့အကြိုက်ကဘာလဲဆိုတာသိသည်မထင်။

အက်ရှင်ကားမကြိုက်တဲ့ရိပေါ်ကသွေးထွက်သံယိုအခန်းတွေ
ခုန်ပျံကျော်လွှားခန်းတွေဆိုမျက်နှာလွှဲလွှဲပစ်တာ..။
ဒါဟာလည်း သူက ဇာတ်လမ်းထဲနစ်ဝင်စီးမျောမိလို့လည်း
ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ရုပ်ရှင်သာပြီးသွားတယ် သူက
ဘာမှသေချာနားမလည်လိုက်။

"ရှောင်းကျန့် ရှောင်းကျန့် ထတော့လေ အိပ်မနေနဲ့တော့"

သူ့အသံခပ်တိုးတိုးနောက်မှာရှောင်းကျန့်ကခါးတစ်ချက်
ဆန့်ပြီးသူ့ကိုပြုံးယောင်သမ်းတဲ့အကြည့်တွေနဲ့ကြည့်လာတယ်။

"မင်းရုပ်ရှင် အပြီးထိ ကြည့်ပြီးပြီလား??

"အင်း.. ကြည့်ပြီးပြီ"

"အာ.. ဒါဆို ကိုယ့်ကို ပြန်ပြောပြလေ!!

"မပြောတတ်ဘူး ဘာမှနားမလည်လိုက်လို့"

မျက်နှာလေးညှိုးကျသွားတော့ရှောင်းကျန့်မှာတထိတ်တလန့်ပဲ
ကျောလေးမတ်လာတယ်။

"ဘာဖြစ်လို့လဲ မကြိုက်ဘူးလား?

"အင်း ငါက အက်ရှင်ကားတွေ သိပ်မကြိုက်ဘူး"

ဒီတစ်ခါသက်ပြင်းချပြီးမျက်နှာမကောင်းတော့တာကရှောင်းကျန့်ပင်။
ဒီတော့ရိပေါ်ဘက်ကချက်ချင်းဆိုသလိုမျက်နှာကိုအသွင်ပြောင်းယူကာ

"အာ.. တအားကြီး သဘောမကျတာတော့ မဟုတ်ဘူးကွာ
နောက်တစ်ခေါက်ကျရင် ငါတို့နူးနူးညံ့ညံ့အချစ်ဇာတ်လမ်းကို
အတူကြည့်ကြတာပေါ့"

တန်ရာတန်ကြေး{Completed}Where stories live. Discover now