|38|

1.6K 153 5
                                    

Zawgyi 🌴

စီးကရက်တစ်လိပ်ကိုနောက်ဆုံးတစ်ချက်ဖွာပြီးပစ်ချလိုက်လေတယ်။
သူ့ဘေးပတ်ပတ်လည်မှာတော့သူ့လူတွေကဝန်းရံထားသည်။
သူ့ရှေ့မှာဒူးထောက်လျက်အနေထားနဲ့ဖြစ်နေတဲ့ထိုလူအိုကြီးကို
တစ်ချက်ကြည့်ပြီးခပ်သောသောရယ်သံနဲ့အတူဆံသားတွေကို
လက်ချောင်းသွယ်သွယ်တို့နဲ့ထိုးဖွပစ်တယ်။

"ခင်ဗျားက သိပ်ပြီးသတ္တိကောင်းနေတယ်ပေါ့လေ ဟုတ်လား"

အေးအေးလူလူပြောထွက်လာတဲ့စကားစုတွေကြောင့်
စိတ်မအေးနိုင်တာကထိုလူကြီးပဲဖြစ်လိမ့်မည်။ရဲတွေက
ဒီလူကြီးကိုလည်းအသေကြေလိုက်ရှာပေမယ့်ဒုစရိုက်လောကမှာ
ကျင်လည်ခဲ့တဲ့လူကြီးကခြေရာလက်ရာဖျောက်သွားလိုက်တာ။
ဒါပေမဲ့ဒုစရိုက်လောကသားအချင်းချင်းအဲ့လိုအရှောင်အပုန်းတွေက
အလုပ်မဖြစ်ဘူး။ ဒါကိုလည်း ထိုလူနားလည်လောက်မှာပါ။
ထားပါ အခု သူရှေ့မှာရှိနေတဲ့ လူအိုကြီးကို တစ်စစီ ဆွဲဖြုတ်ဖို့
မစောင့်နိုင်တော့ဘူး။

လက်ကိုအသုံးပြုကာထိုလူ့မျက်နှာကိုပိုမြင်သာရအောင်
အကြမ်းပတမ်းဆွဲမော့ပစ်လိုက်တယ်။ အင်အားကြီးတဲ့
လက်ကြောင့်ထိုအိုကြီးမရုန်းကန်နိုင်ခဲ့ပါ။

"ထန်အာကိုသတ်တာက ခင်ဗျားပေါ့ ကြည့်ရအောင်
ဒီအရှက်မရှိတဲ့ မျက်နှာကို"

ထိုလူအိုကြီးကငြိန်နေစဲ၊ ရှောင်းကျန့်ကနှုတ်ခမ်းကိုမဲ့ချပြီး
စကားဆက်ပါတယ်။

"သေမယ့်ရက်ကို နောက်ဆုပ်ပေးထားတာတောင်
ရောင့်တတ်နေတဲ့ ခင်ဗျားက တစ်ကယ်ကြီးသေဖို့ ဆန္ဒရှိနေပုံပဲ"

ထိုလူကနောက်ဆုံးမှာတစ်ချက်ရယ်ချတဲ့သူ့ကြောင့်အထိတ်တလန့်
ဖြစ်သွားရတယ်။

"ပါးနဲ့မားကို သတ်ရုံတင်မဟုတ်ဘူး ထန်အာကိုပါ ဘယ်လိုစိတ်နဲ့
သတ်ပစ်ရက်တာလဲ ဟူး ထားပါ လူစိတ်မရှိတဲ့ကောင်ကို
ရှားပြနေလည်း အာခေါင်ခြောက်တာပဲ အဖက်တင်လိမ့်မယ်
အဲ့ဒီတော့ ဒီနေ့ပဲ ခင်ဗျားကို လောကကြီးထဲကနေ အပြီးပိုင်
ထွက်သွားခွင့်ပေးမယ်"

ရှောင်းကျန့်ကစတင်ပြီးအသင့်ပြင်ထားတဲ့ကြိုးကွင်းလေးကို
ကျန်းရှဖုန်းရဲ့လည်ပင်းပေါ်ရှိနေစေလိုက်ပါတယ်။ ထိုတော့မှ
ကျန်းရှဖုန်းခင်ဗျာအထိတ်တလန့်နဲ့ ရှောင်းကျန့်ဆီ မဝံ့မရဲ
ပြန်ကြည့်တယ်။

တန်ရာတန်ကြေး{Completed}Место, где живут истории. Откройте их для себя