Zawgyi 🌴
ရှေ့ကဆံပင်တစ်ချို့ကိုဆောင့်ဆွဲလိုက်တော့နာနာကျင်ကျင်
အော်လာသည့်အသံကခပ်စူးစူးဖြင့်..။ ရိပေါ် ထိုင်ခုံပေါ်ကနေ
ခြေချိတ်ထိုင်ပြီးထိုလူအနားကိုကပ်လာလေသည်။သူ့ကိုမြင်မှပိုဆိုးသွားသည်ထင်ရဲ့။ ပြာပြာသလဲခေါင်းကို
ပြန်ငုံ့ချသွားတယ်..။ ရိပေါ်လည်းနှုတ်ခမ်းတစ်မဲ့ကာ မဲ့ပြုံး
ပြုံး၍ကိုယ်ပေါ်မှာလွှားထားတဲ့ကုတ်လေးကိုဘေးနားမှာ
ကျောက်တိုင်ကြီးအလားရပ်နေသည့်လူတစ်ယောက်ထံကို
ပစ်ပေးလိုက်သည်..။ ထို့နောက် ထိုလူရှေ့ကို ဆောင့်ကြောင့်
ထိုင်ချပြီး"ခင်ဗျားက ရန်လွီဆွေ့မဟုတ်လား?
ထိုလူကတံတွေးတစ်ချက်မြိုချသည်။ နောက်ကျောဘက်မှာ
ရပ်နေသည့်လူတစ်ယောက်ကထပ်မံသူ့ဆံပင်တွေကို
ဆွဲလှန်တင်တာမို့မျက်နှာအနည်းငယ်မော့သွားရတယ်။
သို့ပေမယ့် အကြည့်တို့က ရိပေါ်ဆီမှာရှိမနေ"မေးတာမဖြေဘူးပဲ.. "
စီးကရက်ကိုနှုတ်ခမ်းလွှာကြားမှာညှပ်ရင်းမီးညှိလိုက်ပုံက
ဆွဲဆောင်မှုရှိလှသည်..။ နှဖူးပြင်နယ်နိမိတ်ကို ကျော်လွန်နေတဲ့
ဆံပင်တစ်ချို့အားတစ်ချက်သပ်ချရင်းထုတ်လွှတ်လိုက်သည့်
စီးကရက်အငွေ့တွေကတလူလူ။ထို့နောက် နှုတ်ခမ်းတစ်ဖက်ကိုမဲ့ချကာ၃ကြိမ်လောက်
ဖွာရသေးတဲ့မီးမသတ်ရသေးသည့်စီးကရက်ဖြင့်ရန်လွီဆွေ့
လည်ပင်းပေါ်ဖိချလိုက်တယ်။နာကျင်စွာအော်ဟစ်လာတဲ့အသံနက်ကြီးကဟိန်းခနဲပင်။
ရိပေါ်ခနကြာမှစီးကရက်ကိုကြမ်းပြင်ပေါ်ပစ်ချပြီးမှ"မေးနေရင်ဖြေမှပေါ့"
တစ်လုံးချင်းပီသစွာပြောလာသည့်စကားကြောင့်ရန်လွီဆွေ့ခဗျာ
ဇောချွေးများပြန်လာရင်းသူ့မျက်နှာကိုမဝံ့မရဲမော့ကြည့်လာလေရဲ့။"မင်း.. မင်းဘယ်သူလည်းတော့ငါမသိဘူး သေချာတာက
ငါ... ငါကမင်းပြောတဲ့ရန်လွီဆွေ့မဟုတ်ဘူးဆိုတာပဲ"ရိပေါ်နှုတ်ခမ်းမဲ့ကာမျက်ခုံးနှစ်ခုကိုထိလုနီးနီးတွန့်သွားလေသည်..။
ဒီလူကသူ့ကိုယ်သူ ရန်လွီဆွေ့မဟုတ်ဘူးပြောနေပေမယ့်
ရိပေါ်ကတော့ယုံကြည်ခြင်းမရှိသေး။ ဒီလူ့မျက်ခွက်ကို
ဆင်နင်းသွားရင်တောင်မှတ်မိတယ်။