Zawgyi 🌴
ဘဝမှာအရေးမပါတဲ့အရာတွေနောက်ကိုလိုက်ရင်းတစ်ခါတစ်လေ
အရေးပါတဲ့အရာတွေကိုမေ့နေတတ်ကြတယ်..။ရှောင်းကျန့်ကလည်းအဲ့လိုပဲအရေးမပါတဲ့ကလဲ့စားချေမှုနောက်ကို
လိုက်ရင်းအရေးပါတဲ့တစ်ခုတည်းသောအရာကိုမကြာခန
မေ့နေတတ်တယ်..။ခြံတံခါးပွင့်နေတာမို့ကားကိုအလျင်အမြန်ခြံထဲကိုမောင်းနှင်တယ်။
အိမ်ရှေ့မှာက ကားတစ်စီး။ တစ်နည်းအားဖြင့် ဟန်ကျားရီရဲ့ကားမို့
မြင်မြင်ချင်းဒေါသတွေကထောင်းခနဲ။"ဟန်နီ ကိုယ်ပြန်လာပြီ.. "
အိမ်ထဲဝင်ဝင်ချင်းမြင်ရတာကဟန်ကျားရီနဲ့မျက်နှာချင်းဆိုင်မှာ
ထိုင်နေတဲ့ရိပေါ်ကိုပဲဖြစ်တယ်..။"ဟန်နီ.. ဒီကောင်က ဘယ်လိုရောက်လာခဲ့တာလဲ"
အထိတ်တလန့်နဲ့အမျိုးသားအသွင်ကဟန်ကျားရီကိုမုန်းလို့လား
ဒါမှမဟုတ် သူ့ကိုလုသွားမှာစိုးရိမ်လို့ပဲလား။ လှစ်ခနဲပြုံးရင်းဖြင့်သူကအမျိုးသားကိုကြည့်လို့အေးအေးလူလူသာ
စကားဆိုပြန်တယ်။"ရှောင်းကျန့်.. စိတ်ထိန်း ဘာလို့ထိတ်လန့်နေရတာလဲ"
"သူမင်းကိုဘာတွေပြောသေးလဲ နားပိတ်ထား သူပြောတာနားမထောင်နဲ့
အဲ့ကောင်က ဟန်နီကိုယ့်အနားကနေ ထွက်သွားမှာကို
လိုလားနေတာ.. ""မဟုတ်ဘူး မင်းထင်နေတာဘာတစ်ခုမှမဟုတ်ဘူး"
ရိပေါ်ကအလျင်အမြန်ရှင်းပြသလိုထိုင်နေတဲ့ဟန်ကျားရီကလည်း
သူ့အသွင်ကြောင့်ဟက်ခနဲရယ်ပါတယ်။"မဟုတ်မှလွဲရော ရိပေါ် မင်းအမျိုးသားကို ဘာမှမပြောရသေးဘူးလား"
ရိပေါ်ကိုဖျတ်ခနဲကြည့်တော့မျက်နှာလွှဲလိုက်တာကိုသူတွေ့တယ်။
ဟန်ကျားရီရဲ့ခနဲ့ပြုံးကလည်းတစ်ခုခုပြောချင်နေတဲ့ပုံ။"ဟန်နီ မင်းကိုယ့်ကို ဘာတွေလျို့ဝှက်ထားတာလဲ"
ရိပေါ်ကပြန်မဖြေအကြီးအကျယ်မျက်နှာပျက်လာနေတာမို့
ရှောင်းကျန့်ပိုလို့စိတ်ပူသွားတယ်။ မဟုတ်မှလွဲရော
ဟန်နီထွက်မသွားပဲ နေခဲ့တော့မှာများလား ဟင့်အင်း မဖြစ်ရပါဘူး။