Zawgyi 🌴
တန်ရာတန်ကြေး••|အခန်း၁|
အခန်းရှေ့ဝယ်လူနှစ်ယောက်ကကျုံ့ကျုံ့လေးမတ်တပ်ရပ်နေတယ်။
ရိပေါ်စုတ်သပ်ရင်းလေပူတွေကိုမှုတ်ထုတ်ပြီးထိုလူနှစ်ယောက်ကို
ကြည့်နေတယ်။အခုဆိုဝမ်ပါးရဲ့ဈာပနအခမ်းနားပြီးတာတစ်ပတ်ရှိနေပြီ
ရိပေါ်ကတော့ဝမ်ပါးရဲ့ဈာပနကိုသွားဖြစ်ပေမယ့်ဝမ်ပါးလူတွေက
ဆွေမျိုးတစ်သိုက်ဖယ်ကြဉ်ထားတဲ့သူ့ကိုပြန်ခေါ်ချင်ပုံရတယ်။အခုလည်းရှောင်းကျန့်အလုပ်သွားတော့သူတို့ရောက်လာတယ်။
ရိပေါ်အထဲဝင်ပါလို့လည်းမဖိတ်ခေါ်၊ ပြန်ပါလို့လည်းမနှင်ပဲ
တောင့်တောင့်ကြီးရပ်ကြည့်နေလိုက်တယ်..။"သခင်လေး ဒီလိုပဲနေတော့မှာလားဗျာ!!
ရိပေါ်မျက်ခုံးတွေပင့်တက်သွားရတယ်။ နောက်ဘာပြောမလဲ
သိချင်တာကြောင့်အိတ်ကပ်ထဲကစတော်ဘယ်ရီအရသာ
ချိုချဉ်လေးကိုဖောက်ပြီးငုံလိုက်တယ်..။ဒါပေါ့ ဝမ်ရိပေါ်ဆိုတာ အဲ့လိုလူ။ တစ်ဖက်ကစကားကို
ဆုံးအောင်နားထောင်တယ်။"အခုဆို သခင်ကြီးလည်းမရှိတော့ပါဘူးဗျာ အိမ်တော်ကို
ထိန်းသိမ်းဖို့နဲ့ ကုမ္ပဏီကိုဦးစီးဖို့ ကျွန်တော်တို့ သခင်လေးကို
လိုပါတယ်""ဝှက်? အမျိုးတွေဖယ်ကြဉ်ထားတဲ့ ငါ့ကိုပြန်ခေါ်နေတာလား
မင်းတို့စကားတွေသာ သူတို့ကြားရင် အဆိပ်သောက်ပြီး
သေသွားမလားနော်"ထိုလူရွယ်နှစ်ယောက်ကတိတ်ဆိတ်သွားပြီးကြမ်းပြင်ကို
ပေါက်ထွက်မတတ်ကြည့်နေတယ်။ သခင်လေးက ကျားကုတ်ကျားကဲ
ကြိုးစားနေရတဲ့ဘဝရောက်တာတောင်အခုထိသူတို့ကို
လန့်အောင်လုပ်နိုင်နေစဲပဲ..။"အခု သခင်ကြီးနေရာက ထိုင်ခုံပျောက်မလိုဖြစ်နေတယ်လေ
အဲ့ဒါ သခင်ကြီးရဲ့တစ်ဦးတည်းသောသားက သူ့နေရာကို
မပျောက်ပျက်အောင် ထိန်းသိမ်းရမှာမဟုတ်လား?"ဟုတ်တယ် သခင်လေးရဲ့ အဒေါ်ဝမ်ကလည်း အဲ့နေရာကို
မျက်စိကျနေတာလေ အဲ့မိန်းမက သခင်လေးကိုပထုတ်နိုင်ပြီ
ထင်ပြီး ပျော်နေတာ.. "