Zawgyi 🌴
ခန္ဓာကိုယ်ကနေသိသိသာသာပြောင်းလဲလာတဲ့အပြုသဘောကို
သူနားမလည်..။ မျက်ရည်တို့ကလည်း အခုထိကုန်ခမ်းသေးပုံမရ။
ရေပန်းကနေထွက်လာသမျှရေစက်တွေကသူ့တစ်ကိုယ်လုံး
ရွှဲစိုနေပြီဖြစ်သည်..။တံခါးကိုထုရိုက်ပြီးသံကုန်ဟစ်ပြန်တော့လက်နာတာသာ
အဖက်တင်သည်။ ဘာမှထွေထွေထူးထူး၊ ထူးခြားလာခြင်းမရှိပေ။
ပိတ်လှောင်ထားခံရတာ ကြာပြီမို့ဘယ်ချိန်ရှိပြီလည်းဆိုတာ
ကြည့်ရန်လက်ကောက်ဝတ်ကိုတစ်ချက်ငုံ့ကြည့်တော့
ရေစက်တွေကြောင့်ရယ်မျက်ဝန်းထဲမှာအခုထိရစ်သိုင်းနေတဲ့
မျက်ရည်စတွေရယ်ကြောင့်မှုန်ဝါးနေ၏။အေးစိမ့်စိမ့်ရေစက်တွေအောက်မှာသိသိသာသာပူလောင်လာတဲ့
သူ့ခန္ဓာကဟုန်းခနဲတောက်လောင်လာသည့်နှယ်။
မခံစားနိုင်သည့်အဆုံးအဝတ်တွေအားလုံးဆွဲချွတ်ခဲ့ရပြန်။
ခုနက ဝိုင်ထဲမှာထည့်ထားသည့်အရာတွေက ဘာလဲဆိုတာ
အကူးတကမှန်းကြည့်စရာပင်မလို။တစ်ဖြည်းဖြည်းနဲ့ထိုလူသားရဲ့စိတ်ကိုသူ့မှာနားမလည်နိုင်။
တစ်ခါတစ်လေ နူးညံ့ပုံဖမ်းပြပြီး တစ်ခါတစ်လေ ခက်ထန်သည့်
စရိုက်နှစ်မျိုးနဲ့မို့။ ဟန်နီကတော့ ရှောင်းကျန့်ဆိုတဲ့
စာအုပ်လေးကိုဖတ်ပြီးနားလည်လာမှာကြောက်သည်။ဒီရောဂါရှိနေတာလည်းပြောလို့ကမဖြစ်။သူစိတ်ညစ်သွားမှာ
ဒါမှမဟုတ် စိတ်မကောင်းဖြစ်ပြီး ထိုင်ငိုသွားမလားပဲ။
ဤသို့ဖြစ်မှာလည်း ဝမ်ရိပေါ်ကြောက်ရသေးသည်။
ရှောင်းကျန့်ရဲ့မျက်ရည်တွေကသူ့အတွက်တော့ငရဲမီး
အမှုန်မွှားလေးတွေလာစင်သည့်နှယ်။ဒီလူဆိုးကောင်ကို ဘယ်လိုတားရပါ့။
ဟန်နီ မင်းကို စွန့်လွှတ်ချင်နေပြီ သိရဲ့လား လူဆိုးကောင်ရဲ့။
အဝတ်တွေချွတ်ပြီးတာတောင်အခုထိအေးချမ်းမှုမရှိသေးတဲ့
ခန္ဓာကိုယ်ကြောင့်အကြီးကျယ်စိတ်ပျက်ရတယ်..။
ငေါက်ခနဲထလာသောသူ့အရာကြောင့်တင်းကြပ်မှုကို
သိသာစွာခံစားရတာမို့တစ်ထည်တည်းရှိတော့တဲ့Boxerလေးကိုပါ
ဆွဲချွတ်ခဲ့ပြန်။ ဒါလည်းအချဉ်းနှီးပဲ..။