Zawgyi 🌴
လက်ထဲကပဇွန်ကင်ကိုကိုင်ပြီးရိပေါ်ဘေးကနေပျင်းပျင်းရိရိနဲ့
လျှောက်လာရတယ်..။ ချန်ရိနဲ့ရှောင်းကျန့်ကတော့ စကားပြောရင်း
တဟားဟားဖြင့် ဘာတွေပြောပြီးရယ်နေကြမှန်းမသိ။ပုဇွန်ကင်ကိုစားရင်းသာယာသဖွယ်ရှိသည်ဟုထသ်သော်လည်း
အမှန်တစ်ကယ်မသာယာနိုင်တာရိပေါ်သာအသိဆုံးမို့
စိတ်မရှည်ဖြစ်ကာဒေါသတွေကိုပုဇွန်ကင်ပေါ်မှာသာစုပြုံရင်း
ကိုက်စားမိတယ်။ထိုနှစ်ယောက်ကတော့သူရှိလို့ရှိမှန်းတောင်သိပါရဲ့လား။
ခနကြာတော့ သူရှိနေသေးတာသတိထားမိသွားတဲ့အမျိုးသားက
သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်းရှေ့ဆက်သွားလေရဲ့။ညဈေးကြီးကိုကြည့်ပြီးရိပေါ်ဟိုးအရင်ကရှောင်းကျန့်နဲ့
နှစ်ယောက်တည်းလက်ချင်းတွဲပြီးလျှောက်လည်ဖူးတာကို
သတိရသွားတယ်..။ချစ်သူဘဝတုန်းက လက်ချင်းတွဲပြီးမိုးရေထဲမှာအတူ
ထွက်တာလေးကအစဘယ်လောက်ထိကြည်နူးဖို့ကောင်းလိုက်သလဲ။
အခုတော့ရှောင်းကျန့်နဲ့သူက အလုပ်ကိုယ်စီရှိတာမို့
အဲ့လိုဘဝက ဟိုးအဝေးမှာကျန်ခဲ့လေပြီ။"ဘာစားချင်သေးလဲ ကိုယ်ဝယ်ပေးမယ်!!
အတွေးကမ္ဘာထဲနစ်နေရင်းဘေးကနေပြောလာတဲ့အမျိုးသား
အသံကြောင့်လက်ရှိကိုပြန်ရောက်လာတယ်။ သူလည်းပဲ
ခပ်မြန်မြန်ခေါင်းညိမ့်ပြတော့"ဟုတ်ပါပြီ စားချင်တာရှိရင်ပြောနော်!!
"အင်း... ''
ရုတ်တရက်ကောင်းကင်ပေါ်ကနေလှိမ့်ဆင်းလာသော
ရေစက်လေးတွေကိုရိပေါ်လက်ခံ၍ကြည့်လိုက်သည်..။
၎င်းကတရစပ်သွန်းဖြိုးနေသည်မဟုတ်၊ ကွက်ကျားရွာနေသလိုမျိုးလေး
တစ်စက်ချင်း၊ တစ်စက်ချင်းမို့ ရိပေါ်သဘောတကျ
ပြုံးမိပါရဲ့။အင်း.. ဘာလိုလိုနဲ့ မိမိမွေးနေ့ရောက်ဖို့တောင်
သိပ်မလိုတော့ဘူးပဲ..။"မိုးရွာတာလား?!
ချန်ရိကမိုးကြိုက်ပုံမပေါ်မျက်နှာကြီးပုတ်သိုးရင်းပြောလာတာမို့
ရိပေါ်နဲ့အတူရှောင်းကျန့်ပါချန်ရိထံမှာအကြည့်တွေစုပြုံလိုက်တယ်။