Zawgyi 🌴
တန်ရာတန်ကြေး|အခန်း၅|
"ပြော.. ကျွန်တော်ကိုဘာအတွက်တွေ့ချင်ရတာလဲ?
သူ့စကားအဆုံးထိုလူကြီး၎ယောက်ကသက်ပြင်းကိုယ်စီချတယ်။
ပြီးမှသူ့ထံကိုမှင်သေသေကြည့်လာပြီးပြောရမှာသိပ်ခက်နေသည့်ဟန်မို့
ရိပေါ်လှစ်ခနဲပြုံးလိုက်တယ်။"ဦးလေးတို့က အစကတော့ပါးပါးရဲ့အချစ်ရဆုံးသူငယ်ချင်းတွေပါ
အခုမှ ဘယ့်နှယ့်ပါးပါးပေါ်မကျေမနပ်ထဖြစ်ရတာတုန်း?ထိုလူကြီး၎ယောက်ထဲကကျန်းရှဖုန်းဆိုတဲ့လူကအဆိုးဆုံးပင်
သူ့မှာပြောချင်တာတောင်သူ့ဘေးမှာရှိတဲ့ဟန်ကျောက်ဇီက
လှမ်းတား၍ငြိမ်နေရခြင်း၊ ဒါတောင်ဖင်တကြွကြွဖြစ်ရင်း
စိတ်လှုပ်ရှားနေဟန်လက်နှစ်ဖက်ကိုပူတဲ့အထိအချင်းချင်း
ပွတ်တိုက်နေလေရဲ့။ဟန်ကျောက်ဇီ၊ ကျန်းရှဖုန်း၊ ဖန်ယွင်စန်း၊ လန်ခယ့်ထန်
ရိပေါ်ပါးပါးဝမ်ရိကျိန်းတို့က အချစ်ဆုံးသူငယ်ချင်းတွေလို့ရိပေါ်သိထားတယ်။ နောက်မှ
အားလုံးရုတ်တရက်ပျောက်ကွယ်သွားပြီးပါးပါးမရှိတော့တဲ့နောက်
ပြန်ပေါ်လာကြတယ်။ ဒါနဲ့တင်အားမရသေးဘူး ပါးပါးရဲ့
မျိုးဆက်ဖြစ်တဲ့ကိုယ့်ကိုပါရန်ရှာနေလေရဲ့။"ဦးလေးပြောချင်တာက မင်းပါးပါးဆီကနေ မင်းရခဲ့တဲ့
အမွေအကြောင်းပဲ"Coffeeပူတို့ကိုမှုတ်သောက်ရင်းဖြင့်လန်ခယ့်ထန်ကသူ့ကိုကြည့်လျက်
ပြောတာမို့ရိပေါ်တစ်ချင်တွေဝေသွားတယ်။သူတို့ပြောတဲ့ အမွေဆိုတာ ဘာကြီးတုန်း?
"ကျွန်တော်သိပ်နားမလည်ဘူး!!
ဒီတော့ဘေးမှာပွဲကြည့်နေတဲ့ကျန်းရှဖုန်းကမနေနိုင်မထိုင်နိုင်
ဝင်ပြောလာတယ်။ ကြည့်ရတာ ဒီပွဲထဲကိုအစကတည်းက
ဝင်ချင်ပုံရတယ်။"မသိဘူး ဟုတ်လား အဲ့ကောင်က ငါတို့ကိုကျောသွားတာလေ
ပြီးတော့ အဲ့ခွေးက မင်းကိုဘာမှမပေးခဲ့တာ ငါမယုံဘူး"ပြီးမှလက်ကျန်Coffeeကိုတစ်ကျိုက်တည်းသောက်ပြီးစားပွဲပေါ်
အားနဲ့ဆောင့်ချပစ်တယ်။ ထိုအရာကြည့်လျက် ရိပေါ်နှုတ်ခမ်းထက်မှာ
မဲ့ပြုံးတစ်ခုပေါ်လာတယ်။