|25|

1.6K 162 32
                                    

Zawgyi 🌴

"မနေ့က မင်းနဲ့အတူရှိနေတဲ့လူချောလေးက မင်းကောင်လေးလား??

ရီဝေဝေတစ်ချက်ကြည့်ပြီးအရက်လေးတမျှမျှသောက်ရင်း
မေးတာမို့ရှောင်းကျန့်ဘာပြန်ဖြေရမှန်းမသိပေ။

ဒဏ်ရာကိုဆေးထည့်လိုက်တာကြောင့်ထိုလူကသူ့ကို
အပြစ်တင်မယ်ထင်သော်ငြားဘာအပြစ်စကားမှဆိုမလာတာကြောင့်
နဲနဲတော့စိတ်အေးရပါတယ်။

"မြင်ခဲ့တာလား??

ရှောင်းကျန့်ကထိုလူ့အနားဝင်ထိုင်ပြီးမေးလိုက်တာမို့
ခေါင်းတစ်ချက်ညိမ့်ပြတယ်။

"ငါလိုက်ချောင်းခဲ့တာ"

နှုတ်ခမ်းကိုတွန့်ခနဲကွေးကာပြောင်ချော်ချော်ပြောလာတာမို့
ရှောင်းကျန့်မျက်ခုံးတွေပင့်တက်သွားရပြန်တယ်။ ဒီလူက
အရှက်မရှိရုံတင်မဟုတ်ဘူး။ ပွင့်လင်းမှုလည်းရှိသေးတယ်။

"သူက ကျွန်တော်ကောင်လေးမဟုတ်ဘူး!!

"Wow တစ်ကယ်ကြီးလား??

"အင်း.. "

"သူမင်းကိုကြိုက်နေတဲ့ပုံပဲ ငါ့အတွေ့ကြုံအရခန့်မှန်းကြည့်တာ"

"ကျွန်တော်သိတယ်... "

"ဒါနဲ့များ မင်းဘာလို့သူနဲ့ မတွဲကြည့်ရတာလဲ မင်းက
ရည်းစားထားတတ်တဲ့အရွယ်ပဲ ယောက်ကျားဖြစ်ဖြစ်
မိန်းမဖြစ်ဖြစ် ဘာမှထူးခြားသွားမှာမှ မဟုတ်တာ"

ထိုတော့ သူက တစ်ချက်ပြုံးလို့ ထိုလူအသင့်ငှဲ့ပြီးသား
အရက်ခွက်လေးကိုယူကာသောက်လိုက်ပြီး

"ဘယ်သူဖြစ်ဖြစ်ရတယ် ဒါပေမယ့် သူတော့ မရဘူး!

"ဘာလို့လဲ??

"ကျွန်တော့်ရန်သူရဲ့သားဖြစ်နေလို့ သူနဲ့တွဲလို့မရဘူး
ကျွန်တော် အတောင်စုံရင် သူ့မိသားစုကို ပြန်ဖျက်စီးမှာ.. "

ဒေါသသံပေါက်နေတဲ့သူ့စကားတစ်ချို့ကြောင့်ဇန်မင်ဟွေ့က
ရယ်လေသည်..။

"ဟားဟား မင်းကလွယ်တာကို ခက်အောင်လုပ်နေတာကိုး
အမှန်က အဲ့လိုမဟုတ်ဘူး မင်းသူ့ကိုမမြင်ချင်ယောင်
ဆောင်တာက ရန်သူ့သားဖြစ်နေလို့မဟုတ်ဘူး မင်းနှလုံးသားကို
မယုံကြည်လို့ ဟုတ်တယ်မလား???

တန်ရာတန်ကြေး{Completed}Where stories live. Discover now