Zawgyi 🌴
တစ်ပတ်ကြာပြီးတဲ့နောက်ပထမဆုံးအကြိမ်အပြင်ကို
ထွက်လာလေသည်..။ လက်တလော ရှောင်းကျန့်နဲ့ ဘာစကားမှလည်းမပြော
မသိချင်ယောင်ဆောင်ထားတာမို့အမျိုးသားကတော့သူ့လုပ်ရပ်တွေကိုသိပ်ကြည်ပုံမရပေမယ့်ဘာမှတော့ပြောမလာသေး။"ဒီငါးအသားလုံးကို စားကြည့် အရမ်းကောင်းတယ်"
ဟန်ကျားရီညွှန်ပြလာတဲ့ငါးအသားလုံးကိုတူနဲ့ညှပ်ယူပြီး
အသင့်လေးပါးစပ်ထဲပစ်ထည့်လိုက်တယ်..။"ဒါလေးကော ရေညှိထမင်းလိပ်နဲ့ ငါးအစာသွပ်လေး"
"အင်း ဖြည်းဖြည်းချင်းစားမှာပေါ့ဗျ ခင်ဗျားကလောလိုက်တာ.. "
ဟန်ကျားရီကသူ့ကိုကြည့်ကာခေါင်းခါရင်းရယ်တယ်။
ဖြစ်ပျက်သွားတဲ့ကိစ္စကြောင့်ဒီကောင်လေးနလန်မထူနိုင်တော့ဘူး
ထင်နေတာ။ တွေ့ရသလောက်တော့ အဲ့လိုမဟုတ်ဘူးပဲ..။ဖြူဖက်ဖက်ရိပေါ်အသားရေကိုကြည့်ပြီးသက်ပြင်းချမိပြန်။
သူသာရိပေါ်ကိုအပြင်ထွက်ဖို့ခေါ်မလာရင်အိမ်ထဲမှာပဲ
ဆက်အောင်းနေမလား။"ခင်ဗျားက။ မစားဘူးလား ဘာကြည့်နေတာလဲ "
"စားမယ် မင်းလည်းစား!!!
စားရင်းနဲ့မသိမသာရိပေါ်မျက်နှာကိုကြည့်လိုက်တော့
အစားသောက်တွေနဲ့ကမ္ဘာတည်နေတာကိုထပ်တွေ့လေတယ်။
ချက်ချင်းဆိုသလို ရိပေါ်ကိုကြည့်ကာ လက်ထဲကတူကို
ချလိုက်ပြီး"ဒီဆိုင်က အရသာရှိတယ်မဟုတ်လား "
ရိပေါ်ကသူ့ကိုပြန်မကြည့်၊ ခေါင်းတညိမ့်ညိမ့်ရယ်။ ပါးစပ်ထဲကို
ထည့်ထားတဲ့ အစားသောက်တွေနဲ့တင် သူ့ကိုပြန်မဖြေနိုင်။
အရှေ့ကရေကိုတစ်ချိုက်တည်းသောက်ကာမနည်းမြိုချလေသည်။"ဒီဆိုင်ကို အတွဲတွေလာရင် ပိုကောင်းတယ် အထူးလျှော့ဈေးလည်း ပေးတယ်လေ"
"အင်း.. အဲ့တော့"
"တစ်ရက်ရက်ကျရင် ရှောင်းကျန့်နဲ့အတူ လာစားပါ့လား"
ချလွင်
လက်ထဲကတူလေးကိုစိတ်ပျက်ကာချလိုက်ပြီးဟန်ကျားရီ
မျက်နှာကိုတစ်ချက်ကြည့်တယ်...။ ဒီလိုအခြေနေရောက်အောင်
မနည်းလုပ်ယူခဲ့ရတာ ရှောင်းကျန့်နာမည်ကို ကြားရုံနဲ့တင်
အခုထိနာကျင်နေစဲမို့။