Zawgyi 🌴
"ကောင်လေးတစ်ယောက်ကိုတွေ့ဖူးတယ် အဲ့ချိန်က
ငါ့အသက်၁၅နှစ်ဝန်းကျင်လောက်ရှိလိမ့်မယ်!!ရိပေါ်ဟာရှောင်းကျန့်ရဲ့ပုခုံးပေါ်မှာမေးတင်ပြီးစကားစတယ်။
သူ့စကားသံကြောင့်ရှောင်းကျန့်ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားတာ
သိပေမယ့်လည်း...။"ငါသူ့ရဲ့မျက်နှာကိုတော့ သိပ်မမှတ်မိတော့ဘူး ဟီးဟီး
နဲနဲတော့အဲ့တစ်ယောက်ပုံစံကရယ်ရတယ် ပေစုတ်စုတ်နဲ့
မျက်ရည်တွေဒလဟောကျလာတဲ့ပုံရိပ်ကငါ့မျက်လုံးထဲမှာ
အခုထိမထွက်ဘူး ငါတောင်သူ့ကို သူဖုန်းစားမှတ်လို့
ပိုက်ဆံတွေပေးလိုက်သေးတယ် ဒါပေမယ့် သူက မယူတဲ့အပြင်
ငါ့ပိုက်ဆံတွေနဲ့ ငါ့ကိုပစ်ပေါက်ခဲ့သေးတယ် ရယ်ရတယ်""ဟုတ်လား..?
ရှောင်းကျန့်အသံကဖျော့တော့နေတယ်။ သူခေါင်းညိမ့်ရင်း
ရှောင်းကျန့်နားထင်ကိုဖျတ်ခနဲနမ်းလျက်..။သူအဲ့နေ့ကိုမှတ်မိတယ်။ ထိုကောင်လေးငိုပြီးအိမ်ရှေ့မှာ
ဒူးထောက်တောင်းပန်နေတဲ့မြင်ကွင်းကအခုထိမထွက်ဘူး။
စကားလုံးတစ်ချို့ကိုမနားတမ်းပြောနေပေမယ့်ရိပေါ်ကတော့
ဘာမှနားမလည်လိုက်ဘူး..။ရယ်ရတာက ၎င်းကိုသူဖုန်းစားမှတ်လို့ ပိုက်ဆံအထပ်လိုက်
ထုတ်ပေးပေမယ့်သူ့မျက်နှာကိုပစ်ပေါက်သွားသောသူ။
ရိပေါ် ထိုနေ့က ရယ်တာပဲတတ်နိုင်ခဲ့ပါတယ်။လူတွေကငိုတဲ့ချိန်မလှဘူးတဲ့။ အဲ့စကားကိုဖျက်ပြယ်ခဲ့တဲ့
ဒုတိယလူက အဲ့ဒီကောင်လေးပဲဖြစ်လိမ့်မယ်..။"ကြာနေပြီပဲကို ရိပေါ်က အဲ့ဒါကိုမှတ်မိနေတာလား?
"မဟုတ်ဘူး ရုတ်တရက် သတိရလာတာ ဟီးဟီး "
ရှောင်းကျန့်ရဲ့ပီပီပြင်ပြင်အပြုံးတစ်ခုကိုသူတွေ့လိုက်ရတယ်။
နောက်၊ ရှောင်းကျန့်ကသူ့ကိုပေါင်ပေါ်ဆွဲချပြီးအပီပြင်
နမ်းလေရဲ့..။ အသက်ရှူသံခပ်ပြင်းပြင်းနဲ့အနမ်းမုန်တိုင်းက
ပြင်းထန်လျက်။ ကိုယ်ချင်းပြန်ခွာတော့တစ်ယောက်နဲ့တစ်ယောက်
ငါးမိနစ်လောက်စိုက်ကြည့်ကြသေးတာ..။