|24|

1.5K 170 21
                                    

Zawgyi 🌴

ကိုလာတစ်ဗူးကိုအေးဆေးသောက်ရင်းခေါင်းဆောင်ဆီလာတော့
အထဲမှာတွေ့ရသည့်အရာတွေကြောင့်မျက်မှောင်ကြုတ်သွားရတယ်။

"ဒါတွေက??

"အဲ့ဒါ မနက်ဖြန် နယ်စပ်ကိုပို့မယ့် ကလေးတွေပဲ"

ခေါင်းဆောင်ရဲ့ညာလက်ရုံးရန်လွီဆွေ့ကဖြေလေသည်။
ထိုစကားကြားတော့ရှောင်းကျန့်ကိုလာလေးတောင်မြိုမကျတော့ပါဘူး။

"မွေးစားအဖေရော!!!

"သူဒီမှာမရှိဘူး အစည်းဝေးသွားတက်တယ် တစ်ပတ်လောက်တော့
ကြာလိမ့်မယ်တဲ့ အဲ့တော့။ ဒီကလေးတွေကို မင်းတာဝန်ယူပြီး
မနက်ဖြန် နယ်စပ်ကို။ သွားပို့လိုက်"

မျက်လုံးကိုအနက်ရောင်ပိတ်စနဲ့ပိတ်ထားပြီးလက်တွေလည်း
အချည်ခံထားရတဲ့ကလေးတွေကိုမြင်တော့လက်ထဲက
ကိုလာဗူးကိုဖျစ်ညှစ်ပြီးအမှိုက်ပုံးထဲပစ်ထည့်ခဲ့လိုက်တယ်။

စခန်းမှာက လူတော်တော်များများကျန်ခဲ့တယ်။ တစ်ချို့လူတွေက
မရောက်သေးတဲ့ညအတွက်ပျော်ပါးဖို့ပြင်ဆင်နေလေရဲ့။
သူကလေးတွေကိုကြည့်ပြီးဘယ်လိုမှစိတ်မကောင်းပေ။
တစ်ချို့ဆိုထန်အာအရွယ်တွေတောင်ပါသေးတယ်။
ထို့ကြောင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချပြီး ဒီညလှုပ်ရှားဖို့
အစီစဉ်စဆွဲလိုက်တော့တယ်။

မိန်းမတစ်ချို့ခေါ်ပြီးပျော်ပါးနေတဲ့ကောင်တွေကိုကြည့်ကာ
သူ့မှာခေါင်းတခါခါရယ်..။ ဇန်မင်ဟွေ့စကားကြောင့်
ဘယ်သူမှသူ့ကို ကောင်မလေးခေါ်ဦးမလားမမေးရဲ။
သို့ပေမယ့် အရက်ခွက်တော့ကမ်းပေးလေသည်။

"ဘာလို့မသောက်တာလဲ???

သူငြင်းတော့ရန်လွီဆွေ့ကကမူးရှူးထိုးမေးလေရဲ့။ စကားသာ
လာပြောနေတာ မျက်လုံးကမဖွင့်တာမို့ ကြိတ်ရယ်နေလိုက်တယ်။

"တော်ပြီ ကျွန်တော်မူးလို့မဖြစ်ဘူး!!

"ပြီးရော!!

အရက်ပုလင်းကိုယ်စီမှာအိပ်ဆေးထည့်ထားကြောင်းကိုတော့
တကူးတကကြီးပြောမနေတော့ပါဘူးလေ။ မကြာပါဘူး
ဆေးအရှိန်ကြောင့် အားလုံးမှောက်ကုန်တယ်..။

တန်ရာတန်ကြေး{Completed}Donde viven las historias. Descúbrelo ahora